Sunday, August 31, 2014

ရတနာပုဏ်

အင်ကြင်း ကြာအုံ ရတနာပုံ၏ အရေးကြီး ရက်စွဲများ သမိုင်း
# ၁၈၅၃ စက်တင်ဘာ ၁၁- အမ ရပူရ မင်းနေပြည် ကနေ ဘယ်မှ မပြောင်း သင့်ကြောင်း ရဟန်း ပညာရှိ လူ ပညာရှိ တို့  မစိုးရိမ် တိုက်မှာ စည်းဝေး ဆုံးဖြတ်၍ မေတ္တာစာ ရေးပြီး မင်းတုန်းမင်း ထံဆက်။
# ၁၈၅၆ အောက်တိုဘာ ၃၀-ရဟန်း ရှင်လူ ပြည်သူ အများ တောင်းပန် နေတဲ့ ကြားက မြို့ သစ် တည်မဲ့နေရာ သွားကြည့်
# ၁၈၅၆ အောက်တိုဘာ ၃၁- မြို့ သစ် နေရာ အသေးစိတ် ပုံစံ ရေးဆွဲ စေ
# ၁၈၅၇ ဇန်န၀ါရီ ၁၃- မန္တလေး မြို့ တည်စေ အမိန့်တော်

* ၁၈၅၇ ဖေဖေါ်ဝါရီ ၁ မှ ၁၈၅၉ ဇူလိုင် ၁၆- မြို့ တော်သစ် တည်ဆောက် ပြင်ဆင်။ မင်းတုန်းမင်းက အင်္ဂါသားမို့  မြို့သစ် တည်ရာ မှာ အင်္ဂါသားတွေပဲ သုံးခဲ့တယ်။ ဒါကြောင့် အဲဒီ နှစ်ပိုင်း တွေကို အင်္ဂါသားတွေ ကပ်ဆိုက် တဲ့နှစ် တွေလို့ ခေါ်ခဲ့ ကြတယ်။
* ၁၈၅၉ ဧပြီ ၂၈- ရတနာပုဏ် မန္တလေး နေပြည်တော် ပြီးစီး။ ၁၂၂၁ ခုနှစ် တန်ခူး လပြည့် ကျော် ၁၀ ရက်- အုတ်ကျစ် ကျော်အေး မန္တလေး
* ၁၈၆၁ ဧပြီ ၈- မီးလောင် (၁) မှန်နန်း တော်ကြမ်း ကိုဆေးလိပ် မီးက စပြီးလောင် လို့ မင်းတုန်း မင်း ယာယီ စံနန်း ပြောင်း၊ ၁၈၆၁ အောက်တိုဘာ ၄ မှ ရွှေနန်း တော်ပြန်တက်။
* ၁၈၆၁ ဇူလိုင် ၃၁- မီးလောင် (၂) တရုတ်တန်း ငရွှေလှ အိမ်မှ စတင် လောင်ကျွမ်း
* ၁၈၆၃ မတ် ၂၃- မန္တလေး တောင်အနီး မှာနန်းမြေ ဘုံသာ အမည်နဲ့ စံနန်း တစ်ဆောင် ဆောက်ပြီး မင်းတုန်း မင်းထွက် နေပြန်တယ်။ မီးသင့် မှာကြောက် နေပုံ ရတယ်။
* ၁၈၆၄ စက်တင်ဘာ ၆- ဟာလေ ဒီဘိုလုပ် ကုမ္ပဏီ ကစကြာ ယာဉ်မွန် မီးသင်္ဘော ဆက်သ။
* ၁၈၆၅ နိုဝင်ဘာ ၁၁- အသစ် တည်ပြီးတဲ့ဒင်္ဂါး စက်က ဒေါင်းဒင်္ဂါး စတင် သွန်းလုပ်
* ၁၈၆၆ ဧပြီ ၁၅- မီးလောင် (၃)- အနောက် ပြင်ကစ။
* ၁၈၆၆ ဇူလိုင် ၃၁- မီးလောင် (၄)- မြို့ တော် အရှေ့ မြောက် တွင်မိုးကြိုး လောင်မီး ကျခြင်း။
* ၁၈၆၆ သြဂုတ် ၂- မြင်းကွန်း၊ မြင်းခုံတိုင် အရေး တော်ပုံ စတင်၊ အိမ်ရှေ့စံ ကနောင် မင်းသားကြီး သေဆုံး။
* ၁၈၆၇ ဧပြီ ၂၃- မီးလောင် (၅)- စွယ်တော် ဆင်မြောက် သေနတ်တန်း ယမ်းစည် ပေါက်၍။
* ၁၈၇၁ ဧပြီ ၁၅ မှ စက်တင်ဘာ ၁၂- ပဉ္စမ သင်္ဂါ ယနာ တင်ပွဲကြီး။
* ၁၈၇၂ ဖေဖေါ်ဝါရီ ၂၂ မှ ၁၈၇၃ မေ ၂- မြန်မာ သံအဖွဲ့ ကိုကင်းဝန် မင်းကြီး ဦးဆောင်၍ လန်ဒန်၊ ပဲရစ်၊ ရောမ သွား
* ၁၈၇၂ ဧပြီ ၁၈- မီးလောင် (၆)- မိုးကြိုး လောင်မီး ကျ
* ၁၈၇၅ ဧပြီ ၁၁- ရတနာပုဏ် နေပြည်တော် သတင်းစာ စထွက်။ “ငါမကောင်း လျှင်ငါ့ အကြောင်း၊ ငါ့မိဖုရား မကောင်း လျှင်သူ့ အကြောင်း မထောက် မညှာ ရေးလေ” ဟုမင်းတုန်း မင်းက ခွင့်ပြု ခဲ့တယ် လို့ အဆို ရှိပေမဲ့ ဘယ်သူမှ သူ့ အကြောင်း မကောင်း မရေး ၀ံ့ကြပါ။
* ၁၈၇၈ စက်တင်ဘာ ၁၉- မင်းတုန်းမင်း အပြင်း အထန် မကျန်းမာ၊ အံ့သြ ဖွယ်ရာ သီပေါ မင်းသား အိမ်ရှေ့  စံဖြစ်
* ၁၈၇၈ အောက်တိုဘာ ၁- မင်းတုန်းမင်း နတ်ရွာစံ။ အောက်တိုဘာ (၇) သင်္ဂြိုလ်
* ၁၈၇၉ ဖေဖေါ်ဝါရီ ၁၃ မှ ၁၈- နန်းမလုနိုင်အောင် ဖမ်းဆီး ထားသော မင်းညီ မင်းသား များကို သုတ်သင် ပွဲကြီး ကျင်းပ။
* ၁၈၇၉ ဖေဖေါ်ဝါရီ ၂၅- မီးလောင် (၇)၊ အနောက် ပြင်မှစ၊ အိမ်ခြေ ၂၀၀ ကျော် လောင်ကျွမ်း၊ ရွှေရေးဆောင် ကျောင်းတိုက် နဲ့မဟာ မုနိ အနောက် စောင်းတန်း ပါပြာကျ။
* ၁၈၈၀ မတ် ၁၄- အိမ်နိမ့် စံနေ ရသော ပုဂံ မင်းနတ်ရွာစံ။
* ၁၈၈၀ မတ် ၁၇- သီပေါ မင်း၏ သားကြီး ကျောက်ပေါက် ၍သေ။
* ၁၈၈၀ မေ ၂၃- သီပေါ မင်းဘိသိက် ခံ၍ တရားဝင် မင်းအဖြစ် သို့ ရောက်။
* ၁၈၈၁ ဇွန် ၁- သီပေါ မင်း၏ မယ်တော်သေ။
* ၁၈၈၃ ဖေဖေါ်ဝါရီ ၁၈- မီးလောင် (၈) နန်းမြို့  တော်တောင် ဗြဲတိုက် သံဆင့် ငမြစ် အိမ်က စတင် လောင်ကျွမ်း
* ၁၈၈၃ မတ် ၂၅- မီးလောင် (၉)၊ အကြီးအကျယ်
* ၁၈၈၃ ဧပြီ ၃- မီးလောင် (၁၀)၊ အကြီးအကျယ်
* ၁၈၈၃ ဧပြီ ၅- မီးလောင် (၁၁)၊ အကြီးအကျယ်
* ၁၈၈၃ ဧပြီ ၁၆- မီးလောင် (၁၂)၊ အကြီးအကျယ်
* ၁၈၈၃ သြဂုတ် ၁၈- ယော အတွင်းဝန် ဦးဖိုးလှိုင် ကွယ်လွန်။
* ၁၈၈၄ ဖေဖေါ်ဝါရီ ၂၈- မီးလောင် (၁၃) တောင်ပြင် လင်းဇင်း တန်း
* ၁၈၈၄ မတ် ၂၃- မီးလောင် (၁၄) အရှေ့ ပြင်
* ၁၈၈၄ မတ် ၂၄- သီပေါမင်း ၏သမီးတော် လေးပါး ကျောက်ပေါက်၊ တတိယ နဲ့  စတုတ္တ သမီးတော် များသေဆုံး။
* ၁၈၈၄ ဧပြီ ၁- မီးလောင် (၁၅) မလွန် ဈေးရပ်
* ၁၈၈၅ ဧပြီ ၅- မီးလောင် (၁၆) အနောက် ပြင်မှစ၊ တစ်မီး မငြိမ်း မှီနောက် တစ်မီး အစုစု မီးခုနှစ် ကြိမ်တိုင် အောင် တစ်ရက်တည်းလောင်
* ၁၈၈၅ ဧပြီ ၈- မီးလောင် (၁၇) ရွာဟိုင်း ဈေးမှ စတင် လောင်ကျွမ်း၊ မဟာ မုနိ ဘုရားကြီး ပါလောင် သွားတယ် (ရခိုင် ကပင့် လာတာ နှစ်တစ်ရာ ပြည့်တဲ့ နေ့မှာ မီးသင့် ခံရ ရှာတယ်) ဘုရား ကြီးမီး သင့်ရာ မှအရည် ပျော်စီး ကြလာ သောရွှေချိန် ၅၄၅၀ ကျပ်သား။ မီးသင့် အိမ်တစ် အိမ်ကို ငွေ ၂ ကျပ်နဲ့ ဆန်တစ်စိတ် ပေး သနားတယ်။
* ၁၈၈၄ ဧပြီ ၁၄- မီးလောင် (၁၈) နန်းမြို့  အနောင် တောင်ထောင့်
* ၁၈၈၄ မေ ၁၉- မီးလောင် (၁၉) ဘုန်းတော်တိုး အစု တောင်ဘက်
* ၁၈၈၄ မေ ၂၅- မီးလောင် (၂၀)- ချမ်းအေး သာစံ တရုတ်တန်း မြောက်စွန်း
* ၁၈၈၄ ဇူလိုင် ၅- အသစ် ပြန်လည် တည်ဆောက် ပြီး မဟာ မုနိ ဘုရားကြီး မျက်နှာ တော်ဖွင့်
* ၁၈၈၄ စက်တင်ဘာ ၂၁- မြို့ တော် သန်းခေါင် စာရင်း ကောက်ခံ။ လူတစ်သိန်း နေထိုင်သည်။
* ၁၈၈၅ သြဂုတ် ၁၂- ဘုံဘေ ဘားမား ကုမ္ပဏီ သစ်ခိုးမှု၊ ဒဏ်ငွေ ၂၃ သိန်း ချမှတ်။
* ၁၈၈၅ နိုဝင်ဘာ ၇ မှ ၂၈- ဒီဂယက် ကြောင့်တတိယ အင်္ဂလိပ်-မြန်မာ စစ်ဖြစ်။ စစ်ရှုံး
* ၁၈၈၅ နိုဝင်ဘာ ၂၉- သီပေါမင်း မိသားစု ပါတော်မူ
* ၁၈၉၈- မန္တလေး မီးသတ် ဌာန ထောင်
* ၁၉၀၃ သြဂုတ် ၁၈- မင်းတုန်းမင်း နဲ့ ကနောင် မင်းသားကြီး တို့ ရဲ့  လက်စွဲ သမားတော် ပညာ သိဒ္ဓိ ကျော်ခေါင် ခေါ် ဦးခဲသေ။
* ၁၉၀၈ ဇွန် ၃၀- ကင်းဝန် မင်းကြီးအနိစ္စရောက်။
* ၁၉၁၆ ဒီဇင်ဘာ ၁၆- သီပေါ ဘုရင် အိန္ဒိယ မှာ နတ်ရွာစံ
* ၁၉၂၅ နိုဝင်ဘာ ၂၄- သီပေါရဲ့  မိဖုယားစုဖုရားလတ် ရန်ကုန်မှာ နတ်ရွာစံ၊ ကုန်းဘောင် မင်းဆက် နိဌိတံ။

ကိုးကား

1. သန်းထွန်း၊ ဒေါက်တာ၊ နယ်လှည့် ရာဇ၀င်
2. သန်းထွန်း၊ ဒေါက်တာ၊ ခေတ်ဟောင်း မြန်မာ ရာဇ၀င်

ဓမ္မစေတီမင်း ၊ ငဇင်ကာ နှင့် ခေါင်းလောင်းတော်

ဓမ္မစေတီမင်း ၊ ငဇင်ကာ နှင့် ခေါင်းလောင်းတော်

Written by တက္ကသိုလ်မောင်သုလှိုင် Thursday, August 14 2014 
မကြာသေးမီရက်ပိုင်းကစလို့ ကမ္ဘာပေါ်မှာ အကြီးဆုံးလို့ အများကယုံကြည်လက်ခံထား တဲ့ ‪#‎ဓမ္မစေတီ‬ မင်းခေါင်းလောင်းတော် ကြီးကို ဦးစံလင်းခေါင်းဆောင်တဲ့ ခေါင်းလောင်းတော်ဆယ်ယူ ရေးအဖွဲ့ က ဆယ်ယူနိုင်ရေးအတွက် ရှာဖွေရေး လုပ်ငန်း တွေ ဆောင် ရွက်နေပြီဖြစ်ပါတယ်။
ခေါင်းလောင်းတော် ရှာဖွေဆယ်ယူရေးနဲ့ပတ်သက် လို့ ပြည်သူအများကလည်း စိတ်ဝင်တစားနားစွင့်လို့နေ ပါတယ်။ တချို့က ဓမ္မစေတီမင်းခေါင်းလောင်းတော် ရေ ထဲပြုတ်ကျသွားတာရော ဟုတ်ရဲ့ လား။ ပြုတ်ကျသွားတယ် ဆိုရင် ဘယ်လိုသယ်သွားလို့လဲ၊ ရှာဖွေနေတဲ့နေရာကရော မှန်ရဲ့လား စတာတွေအပြင် ငဇင်ကာ ဓမ္မစေတီခေါင်း လောင်းကို ရွှေတိဂုံရင်ပြင်တော်ပေါ်က သယ် ဆောင် သွား တဲ့ကာလနဲ့ပတ်သက်လို့လဲ တချို့က ကိုလိုနီခေတ်က ဖြစ်တယ်။ တချို့ကလဲ သယ်ယူသွားတဲ့ကာလ အတိအကျ မသိနိုင်ဘူး စတဲ့မေးခွန်းတွေ၊ စူးစမ်းမေးမြန်းမှုတွေ အမျိုးမျိုး ထွက်ပေါ်ခဲ့ ပါတယ်။
ဒီနေရာမှာ ခေါင်းလောင်းတော် ရေထဲပြုတ်ကျသွား တာ မှန်ရဲ့လား၊ ရှာဖွေတဲ့နေရာကရောမှန်ရဲ့လားဆိုတာ နဲ့ပတ်သက်ပြီး ဘယ်သူမှလဲ တိတိကျကျမပြောနိုင်သလို ခေါင်းလောင်းတော် ရေထဲ ပြုတ်ကျသွား တဲ့နေရာနဲ့ ပတ် သက်လို့ ရှေးဟောင်း သမိုင်းမှတ်တမ်းတွေမှာလဲ နေရာ အတိအကျမတွေ့ရတာမို့ သေချာတာကတော့ ယခုဦးစံ လင်းခေါင်းဆောင်တဲ့အဖွဲ့ လုပ်ငန်း ဆောင် ရွ က် မှုပြီးတဲ့ အခါမှာတော့ ဒီအဖြေဟာ အတိအကျပေါ်ထွက်လာမှာပဲ ဖြစ်ပါတယ်။
ဒါပေမဲ့ ရှေးဟောင်းသမိုင်းမှတ်တမ်းတွေအရ တစ် နည်းအားဖြင့် မြန်မာ့သမိုင်းမှာ ရှေးအကျဆုံးလို့ပြောနိုင် တဲ့ မှန်နန်းရာဇဝင်လို အထောက်အထားတွေအရ ခေါင်း လောင်းတော် ကိုသွန်း လောင်းတဲ့ကာလ၊ ခေါင်းလောင်း တော်ကို ငဇင်ကာ ဖြုတ်ယူ သယ်ဆောင် သွားတဲ့ကာလကို တော့ အနီးစပ်ဆုံး အသေအချာပြောလို့ရပါတယ်။ သေ ချာတာကတော့ ကိုလိုနီခေတ်ကာလ မဟုတ် ဘူး ဆိုတာ ပါပဲ။
ပြောရရင် မွန်ဘုရင် ဓမ္မစေတီမင်း ဟံသာဝတီမှာ ထီးနန်းစိုက်တဲ့ကာလဟာ ဘုရင့်နောင်မင်းတရားကြီး ဒုတိယမြန်မာနိုင် ငံတော်ခေတ် မတိုင်မီကဖြစ်သလို ခေါင်း လောင်းတော်ကို ငဇင်ကာ ရေမြှုပ်ပစ် တဲ့ကာလဟာ ဒုတိ ယမြန်မာနိုင်ငံတော်နောက် ပိုင်းကာလမှာပဲဖြစ်ပါတယ်။
ခေါင်းလောင်းတော်နဲ့ပတ်သက်လို့ သမိုင်းကြောင်း ကို ပြန်တူးဖော်ရရင် ဒီနေရာမှာ ဇာတ်ကောင်တွေအဖြစ် မွန်ဘုရင် ဓမ္မစေတီမင်း၊ ဖိလစ်ဒီဗရစ်တို (Philip de Brito) လို့ခေါ်တဲ့ ငဇင်ကာနဲ့ ဘုရင့်နောင် မင်းတရားကြီးရဲ့မြေး တော် ဓာတုကလျာမင်းသမီးရဲ့ ဒုတိယမြောက်ကြင်ယာ တော် နတ်သျှင်နောင်တို့လည်း ပါဝင်လာမှာဖြစ်ပါတယ်။
ဓမ္မစေတီမင်းဟာ ဟံသာဝတီ ဘုရင်မ ရှင်စောပုရဲ့ အရိုက်အရာကို သက္ကရာဇ် ၈၃၃ခုနှစ်မှာ ဆက်ခံခဲ့တဲ့ မွန်ဘုရင်တစ်ပါးဖြစ် ပါတယ်။ ဘုရင်မဖြစ်မီက ရဟန်းဝတ် နဲ့ဖြစ်ပြီး ဘွဲ့တော် အနေနဲ့ ဓမ္မဓရလို့တွင်ပါတယ်။ သက္ကရာဇ် ၈၁၄ခုနှစ်မှာ ရှင်စောပုဟာ ဗညားကျန်းတော အမည်နဲ့ ဟံသာဝတီဘုရင်မဖြစ်လာတဲ့အခါ ကျေးဇူးရှိ ခဲ့ဖူးတဲ့ ဓမ္မဓရ ရဟန်းကို လူဝတ်လဲ စေပြီး သမီးတော်နဲ့ ထိမ်း မြားစေခဲ့ပြီးတဲ့နောက် အိမ်ရှေ့မင်းအရာကို အပ်နှင်းခဲ့ တယ်လို့ သမိုင်းက ဆိုပါတယ်။
ပေါ်တူဂီဘုရားကျောင်းဟောင်းအတွင်းထားရှိသော ငဇင်ကာအုတ်ဂူကို သန်လျင်မြို့နယ်ရှိ
သန်လျင်တံတားအနီးတွင် တွေ့ရစဉ်။ ဓာတ်ပုံ-ငယ်ထွေး(ကလေး)
မြန်မာသက္ကရာဇ် ၈၂၁ ခုနှစ်မှာ သမက်တော်ဓမ္မစေ တီမင်းကို ထီးနန်းအပ်ပြီးတဲ့နောက် ရှင်စောပုဟာ ဒဂုံမှာ သွားရောက်နေ ထိုင်ရင်း မြန်မာသက္ကရာဇ် ၈၃၃ခုနှစ်မှာ အနိစ္စရော က်ခဲ့ပါတယ်။ ပြောရရင် သက္ကရာဇ် ၈၃၃ခုနှစ် ကျမှ ဓမ္မစေတီမင်းဟာ ဟံသာဝတီ ဘုရင်ဖြစ်ခဲ့ပါတယ်။ ဓမ္မစေတီမင်းဟာ ဘာသာ သာသနာတော်ကို ကိုင်းရှိုင်း တဲ့ မင်းတစ်ပါး ဖြစ်တာနဲ့အညီ ၄င်းလက်ထက်မှာ ဘုရား၊ ပုထိုးများစွာ တည်ခဲ့တယ်။
စာပေကျမ်းဂန်တွေ တတ် မြောက်သူဖြစ်တာနဲ့အညီ ဝတ်ဖြူလဲပြီး သံဃာတော်တွေ ကို စာပေပို့ချလေ့ရှိတယ်။ သက္ကရာဇ် ၈၃၇ ခုနှစ်မှာ ဟံသာ ဝတီသား မထေရ်မြတ်တွေကို တောင်းပန်ပြီး သီဟိုဠ်ကျွန်း ကိုစေလွှတ်ကာ သိက္ခာထပ်စေခဲ့တယ်။ သက္ကရာဇ် ၈၃၈ ခုနှစ်မှာ မထေရ်မြတ်တွေ ဟံသာဝတီကို ပြန်ရောက်လာ တဲ့အခါ ကလျာဏီသိမ်တော်ကြီးကိုတည်ခဲ့တယ်။ အဲဒီ ကလျာဏီ သိမ်တော်ကြီးကို ယနေ့တိုင် ပဲခူးအနောက် ဘက် ရွှေသာလျောင်းသွားရာလမ်းမှာ တွေ့နိုင်ပါတယ်။ အဲဒီကလျာဏီသိမ်တော်ကြီး မှာပဲ မထေရ်မြတ်တွေကို ရဟန်းအဖြစ် ထပ်မံသိက္ခာထပ်ပေးခဲ့ပါတယ်။ ဆိုချင်တာ ကတော့ ဓမ္မစေတီမင်းဟာ ဘုရား၊ တရား အလွန်ကြည်ညို ပြီး အလှူဒါန အလွန်ရက်ရောသူဖြစ်တယ်ဆိုတာပါပဲ။ ဘုရားပုထိုးများစွာတည်ခဲ့တဲ့ ဓမ္မစေတီမင်းဟာ ထိုစဉ် ကတည်းက တန်ခိုးကြီးမားထင်ရှားခဲ့တဲ့ ရွှေတိဂုံစေတီ တော်မြတ်ကြီးမှာ ၄င်းရဲ့သံသရာဘဝအတွက် ထူးခြား ကြီးမား တဲ့ခေါင်းလောင်းကြီး လှူခဲ့တယ်ဆိုတာ ဖြစ်နိုင် ခြေ ရှိတဲ့ကိစ္စပါပဲ။ ဒါပေမဲ့ ဘယ်နှစ်၊ ဘယ်နေ့ကလှူခဲ့ တယ်၊ ပိဿာ အချိန် ဘယ်လောက်ရှိတယ်၊ ဘာအတွက် ရည်စူးလှူခဲ့တယ်ဆိုတာကတော့ ဆယ်ယူဖို့ကြိုးစားနေ တဲ့ ခေါင်းလောင်း တော်ကြီး ရေပေါ်ပေါ် လာခဲ့လို့ အဲဒီခေါင်း လောင်းတော်ကြီးမှာ ကမ္ပည်းရေးထိုးထားမယ်၊ အဲဒီ ကမ္ပည်းစာတွေဟာ လည်း အထင်အရှားဖတ်လို့ရဦးမယ် ဆိုရင်တော့ အဲဒီ အချက်တွေကို အသေအချာသိလို့ရ မှာပဲဖြစ်ပါတယ်။
အဲ . .ဓမ္မစေတီမင်းအတွက် ထူးခြားတဲ့အချက် ကတော့ ဒီလောက်ကောင်းမှုကုသိုလ်တွေပြုနေတဲ့ မင်းတရားကြီးကို သားတော်ဗညားရံက သက္ကရာဇ် ၈၅၄ ခုနှစ်တွင် လုပ်ကြံလိုက်တယ် ဆိုတာပါပဲ။ ဓမ္မစေတီခေါင်းလောင်းတော် သွန်းလုပ်တဲ့ ကာလနဲ့ ပတ်သက်လို့ တွက်ကြည့်ရင် သက္ကရာဇ် ၈၃၃ခုနှစ်နဲ့ ၈၅၄ ခုနှစ်ကြားကာလပဲဆိုတာ မလွဲမသွေ အတိအကျတွက် ချက်လို့ ရပါ တယ်။
ဒီအခါ ခေါင်းလောင်းတော်ကြီး ကို ဖြုတ်ယူသယ် ဆောင်ခဲ့တဲ့ ဒီဗရစ်တို(ခေါ်) ငဇင်ကာအကြောင်းဖော်ပြ ချင်ပါတယ်။ ငဇင်ကာဟာ ပေါ်တူဂီလူမျိုးပါ။ ပေါ်တူဂီ လူမျိုးစစ်သားတွေဟာ ငဇင်ကာ မရောက်ခင် ကတည်းက ဟံသာဝတီ ကို ရောက်နေကြတာတွေရှိပါတယ်။ ဟံသာ ဝတီက ယိုးဒယားကို စစ်ဆင်ဖို့သွားတဲ့အခါမှာ ဟံသာဝတီ တပ်တွေနဲ့ အတူ သေနတ်ကိုင်၊ အမြောက်ကိုင် ပေါ်တူဂီ စစ်သားတွေပါဝင်ခဲ့တယ်ဆိုတာ သမိုင်းမှာ ဖော်ပြခဲ့ပါ တယ်။ ငဇင်ကာကတော့ ရခိုင်ဘက်က နောက်မှရောက် လာတဲ့ ပေါ်တူဂီလူမျိုးပါ။
ရခိုင်ဘုရင် မင်းရာဇာကြီး(သက္ကရာဇ် ၉၅၅-၉၇၄) လက်ထက်မှာ ငဇင်ကာဟာ သင်္ဘ࿿ောအစေခံအဖြစ်နဲ့ ရခိုင်ကို စရောက်ခဲ့တယ် လို့ဆိုပါတယ်။ ရခိုင်ဘုရင်မင်း ရာဇာကြီးဆီမှာ ဝင်ရောက် အမှုထမ်းရာက အဆင့်ဆင့် ရာထူးတိုး ထင်ရှားလာခဲ့သူဖြစ်ပါတယ်။
ဘုရင့်နောင်မင်းတရားကြီး နတ်ရွာ စံပြီးတဲ့နောက် သက္ကရာဇ် ၉၄၃ခုနှစ်မှာ သားတော်နန္ဒ ဘုရင်မင်းဖြစ်လာ ပါတယ်။ ဒါပေမဲ့ နန္ဒဘုရင်ဟာ တိုင်းပြည်အုပ်ချုပ်ရာမှာ အလွန်ညံ့ဖျင်း လွန်းတဲ့အတွက် ယိုးဒယား၊ သရေခေတ္တရာ၊ မော်လမြိုင် စတဲ့ လက်အောက်ခံနိုင်ငံတွေဟာ ပုန်ကန် ခြားနားလာခဲ့ပါတယ်။ အဲဒီတော့ တောင်ငူဘုရင် မင်းရဲ သီဟသူ(နတ်သျှင်နောင်ရဲ့ ခမည်း တော်)ဟာ ရခိုင်ဘုရင် မင်းရာဇာကြီးကို မဟာမိတ်ပြုလို့ တောင်ငူကို တိုက်ပါ လေတော့တယ်။ အဲဒီအခါမှာ ဟံသာဝတီမင်း နန္ဒဘုရင် ဟာ တောင်ငူတပ်ကို ခိုဝင်အညံ့ခံလိုက်ပါတယ်။
သက္ကရာဇ် ၉၆ဝပြည့်နှစ်မှာ ဟံသာဝတီပျက်ပြီးတဲ့ နောက် ရခိုင်ဘုရင်နဲ့ တောင်ငူဘုရင်တို့ဟာ ရွှေလမ်းငွေ လမ်းဖောက်ပြီး သံတမန်ဆက်သွယ်ကြပါတယ်။ ဒါပေမဲ့ ရခိုင်နဲ့ တောင်ငူ အကြား ခရီးလမ်း ပန်းဝေးတာက တစ် ကြောင်း၊ သံတမန်တွေကို လမ်းခရီးမှာ သူပုန်သူကန်တွေ က အန္တရာယ်ပြုတာက တစ်ကြောင်းတို့ကြောင့် သံတမန် အဆက် အသွယ်ကောင်းဖို့နဲ့ အရောင်း အဝယ်အဖောက် အကား လွယ်ကူစေဖို့အတွက် သန်လျင်မှာ ရခိုင်တပ် တချို့ စခန်းချခွင့်ကို ရခိုင်ဘုရင်ဘက် က တောင်းဆိုလာခဲ့ ပါတယ်။ တောင်ငူ ဘုရင်က လည်း သဘောတူ တာကြောင့် ဒီဗရစ်တို(ခေါ်) ငဇင်ကာဟာ သင်္ဘ࿿ောသုံးစင်း၊ လွန်းကြင် လှေ ၁ဝဝကျော်၊ လူ ၂ဝဝဝခန့်နဲ့ သန်လျင်မှာ အခိုင်အလုံတပ်စွဲဖို့ ရောက်ရှိလာပါတော့တယ်။
အစမှာတော့ ငဇင်ကာဟာ တောင်ငူဘုရင်နဲ့ ရခိုင် ဘုရင်ကို လက်ဆောင်ပဏ္ဏာဆက်သပြီး ကျိုးကျိုးနွံနွံ ဆက်ဆံ ပါသေးတယ်။ နောက်တော့ မုတ္တမစား ဗညား ဒလနဲ့ မဟာမိတ်ဖွဲ့၊ ဗညား ဒလရဲ့သား ဗညားနွယ်ကို ゞင်းရဲ့သမီးနဲ့ ထိမ်းမြားပေး၊ သန်လျင်မှာ အစောင့် ချထားတဲ့ ရခိုင်သားတွေကို မောင်းထုတ်၊ တောင်ငူနဲ့ ရခိုင် အပြန်အလှန်ကုန်သွယ်နေသူ များကိုလည်း ဖမ်းဆီး ချုပ်နှောင် စတာတွေ ကြံစည်လုပ်ဆောင်လာပြီး ရခိုင်ဘုရင်နဲ့ တောင်ငူဘုရင်ထံကိုလည်း လက်ဆောင် ပဏ္ဏာတွေမဆက်သတော့ဘဲ သန်လျင် ကို ပေါ်တူဂီပိုင်နယ်တစ်ခုအဖြစ် ပြောင်း လဲလိုက် ပါတော့ တယ်။
ငဇင်ကာဟာ အင်အားတောင့်တင်းလာတဲ့အခါ အိန္ဒိယမှာရှိတဲ့ ပေါ်တူဂီဘုရင်ခံချုပ်နဲ့ ဆက်သွယ်ပြီး သန်လျင်မြို့နဲ့ ဝန်းကျင် ကို ပေါ်တူဂီပိုင် ကိုလိုနီနယ်အ ဖြစ် အသိအမှတ်ပြုဖို့နဲ့ ၄င်းကို လည်း သန်လျင်ဘုရင်ခံ အဖြစ် အသိအမှတ်ပြုဖို့ တောင်း ဆိုလိုက်ပါတယ်။ ဘုရင် ခံချုပ်ကလည်း ငဇင်ကာရဲ့ တောင်းဆိုချက်ကို အားရဝမ်း သာ လက်ခံလိုက်တဲ့အပြင် ၄င်းရဲ့တူမဖြစ်သူ ဒိုနာလူဝီ ဇာဒီဆာလ ဒါနာနှင့်ပင် ပေးစားလိုက်ပါသေးတယ်။
သက္ကရာဇ် ၉၇၁ခုနှစ်မှာ တောင်ငူ(မြို့သစ်ကေတု မတီ)တွင် မင်းရဲသီဟသူ၏သားတော် နတ်သျှင်နောင် မင်းအဖြစ် ဆက်စိုးစံပါ တယ်။ အဲဒီအချိန်မှာ တောင်ငူ ဟာ အင်းဝဘုရင် မဟာဓမ္မရာဇာ(အနောက်ဘက်လွန် မင်း)ရဲ့ လက်အောက် ခံနိုင်ငံဖြစ်နေပါပြီ။ လက်အောက်ခံ အဖြစ်မနေလိုတဲ့ နတ်သျှင်နောင်ဟာ ငဇင်ကာနဲ့ပေါင်း ပြီး အနောက်ဘက်လွန်မင်းကိုတော်လှန်ဖို့ ကြံပါတော့ တယ်။ ဒါကြောင့် ကြက်ရိုးပင်စားကိုစေလွှတ်ပြီး မိမိကို လာပင့်ဖို့ ငဇင်ကာထံ အကြောင်းကြားလိုက်ပါတယ်။ ဒါကြောင့် သက္ကရာဇ် ၉၇၄ခုနှစ်မှာ ငဇင်ကာဟာ မုတ္တမ က ဗညားဒလ နဲ့ပေါင်းပြီး တောင်ငူကို ချီတက်လာပါတော့ တယ်။ ငဇင်ကာ ဟာ တောင်ငူမှာ ၁ဝရက်ခန့်နေပြီး နန်း တော်ကို မီးတိုက်ဖျက်ဆီးလိုက်ပါတယ်။ အဲဒီနောက် တောင်ငူဘုရင် နတ်သျှင်နောင် ကိုလည်း သန်လျင်ကို တစ်ပါတည်းဖမ်းဆီးခေါ်ဆောင်သွားပါတော့တယ်။
ဒါကို အင်းဝအနောက်ဘက်လွန်မင်းကကြားတော့ သက္ကရာဇ် ၉၇၄ခုနှစ်မှာပဲ သန်လျင်ကို ရေအား၊ ကြည်း အားနဲ့ချီတက်ပြီး ငဇင်ကာနဲ့တကွ သန်လျင်တစ်မြို့လုံးကို သိမ်းလိုက်ပါတော့တယ်။ အဲဒီနောက် ငဇင်ကာနဲ့ နတ်သျှင် နောင်တို့ကိုလည်း ဖမ်းဆီးလိုက်ပြီး ゞင်းတို့နှစ်ဦးကို ပုန်ကန် ဖို့ ကြံစည်တဲ့ကိစ္စနဲ့ပတ်သက်ပြီး အနောက်ဘက်လွန်မင်း တရားကြီးက စစ်မေးခဲ့ပါတယ်။
မှန်နန်းရာဇဝင် တတိယတွဲမှာ... ''ဘဝရှင် မင်းတရားကြီးဘုရား လည်း သန်လျင်မြို့ကို အလိုတော်ပြည့်၍ ငါးရက်ရှိလျှင် သန်လျင်စား ငဇင်ကာ ကို ရုံးသို့ခေါ်ဆောင်တော်မူ၍ နင် ငါ့နိုင်ငံ တော် ဖြစ်သော ကေတုမတီတိုင်အောင် ချီ၍ ဖျက်ဆီးသည်။ နင် ပသို့ လျှောက်မည်နည်းဟူ၍ ဝန့်ရှင်တော် စည်သူကျော်ထင် နှင့် သင်္ခ࿿ယာကို အမိန့်တော်ရှိ၍ မေးစစ်ရသည်။ သန်လျင် စားငဇင်ကာကလည်း ဘုရာ့ နိုင်ငံတော်ကို ဖျက်ဆီးလို၍ ချီရသည်မဟုတ်၊ တောင်ငူမင်းက ယူလာပါလှည့် စေ သောကြောင့် ယူပါသည် လျှောက်လျှင် ဘဝရှင်မင်းတရား ကြီးဘုရား က တစ်ယောက်ကိုမေးဘိဦး အမိန့်တော်ရှိ၍ တောင်ငူမင်းကိုမေးသော် ကျွန်ုပ် သည်အတိုင်းမစေလျှောက် သည်။ သန်လျင်စား ငဇင်ကာကို ပြန်၍မေးစစ်သော် တောင်ငူမင်းက စေသသူ ကြက်ရိုးပင်စားရှိတော့သည်။ စစ်တော်မူတော့ လျှောက်လျှင် ကြက်ရိုးပင်စားကိုခေါ်၍ စစ်မေးသည်။ ကြက်ရိုးပင်စားက ကျွန်ုပ်ကို စေသည်မှန် ပေ၏။ အကြောင်းမှာမူကား စာကို သက္ကလတ်အိတ်တွင် သွတ်၍ တံဆိပ်လက်ရာနှင့် ဖြစ်သောကြောင့် မည်သို့ စာတွင်ပါကြောင်းကို မလျှောက်နိုင်ပါဟူ၍ လျှောက်လျှင် စေသည်မှန်ချေပြီ၊ တောင်ငူကို အလိုတော် ပြည့်လျှင် မြို့ကိုမျှ သိမ်းယူတော်မမူ၊ မိမိကိုယ်ပင်ပေးတော်မူ၍ ချမ်းသာစွာနေစေသည်။ ငါ့ကျေးဇူးတော်ကိုမသိ ကုလားကျွန်ကို ခံချင်သည်။ မစောင့်မဟုတ်လော၊ လူ သွမ်းကို မြို့လယ် တွင်ကွပ်လေ၊ ငဇင်ကာငယ်လည်း နိယတမိစ္ဆာဒိဋ္ဌဌိဖြစ်၍ ဘုရားပုထိုးကို ဖျက်ဆီးသသူဖြစ် သည်။ သင့်အိမ်ရှေ့မြို့လယ်မှာ တံကျင်တင်လေ၊ သန် လျင်မြို့သူမြို့သား ယောကျာ်း၊ မိန်းမအပေါင်း ကိုလည်း ကြည့်စေ အမိန့်တော်ရှိ၍ အမိန့်တော်အတိုင်း တန်ခူးလ ပြည့်ကျော် ၃ရက်၊ စနေနေ့ ကွပ်မျက်တော်မူသည်။ ယင်း သို့ တောင်ငူမင်းရဲကျော်ထင်ကို သဂြုØဟ်စေ မိန့်တော် ရှိ၍ သဂြုØဟ်ရသည်''လို့ ဖော်ပြထားပါတယ်။
ငဇင်ကာကို သက္ကရာဇ် ၉၇၄ခုနှစ်(တချို့က သက္က ရာဇ် ၉၇၅ဟုဖော်ပြထား)မှာ သန်လျင်မြို့လယ်မှာရှိတဲ့ ရှင်မွေ့နွန်းကုန်းပေါ်က ၄င်းရဲ့အိမ်ရှေ့မှာပဲ တံကျင်တင် ပြီး ကွပ် မျက် လိုက်ပါတယ်။ နတ်သျှင်နောင်ကိုလည်း တိုင်းတစ်ပါးသားနဲ့ပူးပေါင်းပြီး အင်းဝကို ပုန်ကန်ဖို့ကြံ တဲ့အတွက် ငဇင်ကာကို ကွပ်မျက်တဲ့တစ်နေ့တည်းမှာပဲ ゞင်းကို ကွပ်မျက်လိုက် တယ်လို့ ဆိုပါ တယ်။ (တချို့က တော့ ငဇင်ကာကွပ်မျက်ပြီးနောက်တစ်ရက်မှ ကွပ်မျက် လိုက်တယ်လို့ ဆိုပါတယ်)။
ငဇင်ကာ အုတ်ဂူကို တွေ့ရစဉ်။ ဓာတ်ပုံ ငယ်ထွေး (ကလေး)
ဟံသာဝတီမြို့ဝန်းကျင်မှာရှိတဲ့ ဘုရားပုထိုးတွေ၊ ဌာပနာတိုက်တွေ တူးဖောက်ယူသူ၊ ဘုရားပုထိုးကျောင်း ကန်တွေမှာလှူဒါန်း ထားတဲ့ ကြေးခေါင်းလောင်းတွေကို ယူပြီး အမြောက်သွန်း လုပ်သူ လူဆိုးလူမိုက် ငဇင်ကာ လည်း ဇီဝိန်ချုပ်သွားပါပြီ။ မြန်မာ့ သမိုင်းမှာ မင်ကောင်း မင်းမြတ်အဖြစ်၊ ဘာသာသာသနာကို ကိုင်းရှိုင်းသူအဖြစ် သမိုင်းတွင်ခဲ့တဲ့ ဓမ္မစေတီမင်းကြီး သွန်း လုပ် ခဲ့တဲ့ ခေါင်း လောင်းတော်ကို အကုသိုလ်အလုပ်တွေမှာ အသုံးချဖို့ သယ်ယူရေမြှုပ်ပစ်လိုက်တဲ့ လူဆိုးလူမိုက်ငဇင်ကာဟာ လူဘုံအလယ်မှာ ကွပ်မျက်ခံလိုက်ရပါပြီ။
ငဇင်ကာသေဆုံးချိန်မှာ သူရဲ့အသက်ဟာ ၄ဝပါ။ ဒါကို ခိုင်လုံတဲ့အထောက်အထားတစ်ခုအနေနဲ့ သန်လျင် မြို့မှာမြှုပ်နှံခဲ့တဲ့ သူ့အုတ်ဂူရဲ့ ကဗ္ပည်းစာတမ်းမှာ ယနေ့ တိုင် အထင် အရှား တွေ့ရမှာဖြစ်ပါတယ်။ နတ်သျှင် နောင်ရဲ့အသက်က ၃၅နှစ်ပဲရှိပါသေး တယ်။
ဆောင်းပါးရဲ့အစ ကို ပြန်ကောက်ရရင် ဓမ္မစေတီ ခေါင်းလောင်းတော်ကြီးကို ငဇင်ကာဖြုတ်သယ်သွားတဲ့ ကာလဟာ မြန်မာပြည် သန်လျင်မြို့ကို ゞင်းရောက်ခဲ့တဲ့ သက္ကရာဇ် ၉၆ဝခုနှစ်ကနေ သက္ကရာဇ် ၉၇၄ခုနှစ်အတွင်း ပဲဆိုတာ သေချာလှပါတယ်။
ဒါ့ကြောင့် ခေါင်းလောင်းတော်ကြီးကို ငဇင်ကာသယ် ယူသွားတဲ့နှစ်ဟာ ကိုလိုနီခေတ်ကမဟုတ်ဘူးဆိုတာရယ်၊ ပြီးတော့ ခေါင်းလောင်းကြီး သွန်းလုပ်တဲ့ကာလဟာ(သက္က ရာဇ် ၈၃၃ခုနှစ်)နဲ့ (သက္ကရာဇ် ၈၅၄ခုနှစ်)အတွင်းမှာဖြစ် တယ်ဆိုတာ ရယ်၊ ခေါင်းလောင်းတော်ကြီး ရေထဲနစ်မြုပ် ခဲ့တဲ့ကာလဟာ (သက္ကရာဇ် ၉၆၀)နဲ့ (သက္ကရာဇ် ၉၇၄ ခုနှစ်)အတွင်းမှာ ဖြစ်တယ် ဆိုတာ ရယ် ခေါင်းလောင်း တော်ကြီးအကြောင်း စိတ်ဝင်တစားရှိကြသူတွေ သိရှိ နိုင်စေဖို့ ရေးသားတင်ပြလိုက်ရပါတယ်။
တက္ကသိုလ်မောင်သုလှိုင်
ကိုးကားမှတ်တမ်းများ
- မှန်နန်းရာဇဝင်တော်ကြီး တတိယတွဲ
- မြန်မာ့စွယ်စုံကြမ်း အတွဲ(၅)
- ကျိုက်ခေါက်စေတီတော်မြတ်ကြီးသမိုင်း

ဦးပိန်​ တံတား သမိုင်း

ဦးပိန်တံတားခေါ် တောင်သမန် တံတားကိုပုဂံမင်း လက်ထက်သက္ကရာဇ် ၁၂၀၉ ခုနှစ်မှာ အမရပူရမြို့ ၀န် ဦးဘိုင်ဆပ်နဲ့ မြို့စာရေး မောင်ပိန် တို့ဦးဆောင် ဆောက်လုပ်ခဲ့ပါတယ် ။ အဲဒီတံတား ဟာဒီကနေ့ မြန်မာ ပြည်ရဲ့ ဂုဏ်ဆောင်တံတား ဖြစ်နေပါပြီး။ အရှေ့အာရှမှာ သက်တန်းအရှည်းဆုံး သစ်သားတံတားအဖြစ် ကျွန်တော်တို့ ဂုဏ်ယူ ၀င့်ကြွားနေ ရပြီး ကမ္ဘာလှည့် ခရီးသည်တွေရဲ့မျက်စိ ပသေဒ ဆွဲဆောင် ခြင်းခံနေရတဲ့ နေရာလည်းဖြစ် ၊ နိုင်ငံခြားငွေရှာပေးနေတဲ့ နေရာလည်းဖြစ်ပါတယ် ။ ဒါသမိုင်း ၊ အမွေ၊ မြန်မာယဉ် ကျေးမှုအ မွေတစ်ခုပါ။ ကျွန်တော်တို့ ထိန်းသိမ်းရမှာပါ။

ဒီအကြောင်းကို စာရေးဆရာတစ်ချို့ မကြာခန ဂုဏ်ယူစွာ ထုတ်ဖေါ်ရေးသားကြပါတယ်။ အဲဒီလိုရေး တဲ့အခါမှာလည်း တစ်ခါတစ်ခါ မြန်မာ ဘုရင် နဲ့ မြန်မာဘုရင် ရဲ့မြောက်စား ခံရသူတွေကို အထင်သေးစေတဲ့ နိုင်ငံခြားသားများ ရဲ့စွပ်စွဲ နှိမ်ချရေးသာချက်တွေကို အထောက် အကူ ပြုမဲ့ အရေးသားတွေ ဖေါ်ပြလာတာကို မကြာခဏတွေ့ရတဲ့အတွက် အတော်ပဲဝမ်းနည်းကြေကွဲရပါတယ် ။ ဒီကနေ့ ဒီလောက်တောင် အရေးထား ဂုဏ်ယူ နေရတဲ့ အဆင်ရောက်ရ တဲံဦးပိန် တံတားဆောက် လုပ်ခြင်း ရည်ရွယ်ချက် ကိုလည်း မဟုတ်တလျား စွပ်စွဲရေးသား တာလည်း တွေ့ရတက်ပါတယ်

.. မြို့ဝန်ကုလား ဘိုင်ဆပ် တို့ရဲ့အကြံက အင်းရဲ့အရှေ့ဘက်မှာရှိတဲ့ ဘိုင်ဆပ်နဲ့ ဘာသာတူနဲ့ အမျိုးအနွယ်တွေကို ဘိုင်ဆပ်အလိုရှိတဲ့အချိန်မှာ အလျင်မြန် အလွယ်တကူရောက်ရှိပြီ အမရပူရ ထီးနန်းကိုတောင် အရယူဖို့ကြံစည် ထားတယ်… လို့စွပ်စွဲ ထားချက်ကို ဖေါ်ပြလေ့ရှိပါတယ်။

အဲဒီလိုစွပ်စွဲရအောင် ခိုင်လုံတဲ့ အထောက်အထားလည်း မရှိပါဘူး။ ခိုင်မာတဲ့သမိုင်းစာအုပ် တွေဖြစ်တဲ့ ဦးကုလား ရာဇ၀င် ၊ မှန်နန်းရာဇ၀င် ၊ ကုန်းဘောင်မဟာ ရာဇ၀င်များမှာလည်း လုံးဝမပါပါဘူး။ စာဖတ်ပရိသတ် များကို ဦးပိန်တံတားဆောက်လုပ်ရခြင်းရဲ့ အကြောင်းအရင်းတွေကို အရှိကိုအရှိတိုင်းသိရှိအောင် ဖေါ်ပြလိုက်ပါတယ် ။

အဲဒီတံတားကြီး မဆောက်ခင် အသာဖယ်ယာ ခေါင်းဆောင်တဲ့သံအဖွဲ့ အင်းဝမြို့ကို လာကြတုန်းက တောင်သမန်ကို သူတို့ပိုင်တဲ့ သဘောင်္နဲ့ဖြတ်ပြီး ၀င်လာကြတာ နန်းတော်မြို့ရိုးအထိ ပေါက်ခဲ့တယ် ။ ဆိုတဲ့ သမိုင်းကြောင်းရှိဘုးတယ်။ ဒီ ဦးပိန်တံတား ဆောက်ပြီးနောက်မှာ တော့ နယ်ချဲ့သင်္ဘောတွေ ဟာ နန်းတော်ဦးထိမရောက်နိုင်တော့ပါဘုး။ ဒါကိုတော့မြင်တက်ဖို့ လိုပါတယ်။

(အစ္စလာမ်ဓမ္မဗိမာန် နှစ် ၂၀ပြည့် အထူးစာစောင် စာမျက်နှာ ၁၀၂ မှာ တိုင်းရင်းသား အစ္စလာမ့်သာသနာ ၀င်လောကမှာ မြန်မာ့သမိုင်း နှင့်ပတ်သက်ပြီး လေးစားခံရဆုံး ဆရာကြီး ပသီဦးကိုကိုလေး ၏ ဟောပြောချက် (ချက် (၃) ချက် ဆောင်းပါးမှ)

ဤသို့ နယ်ချဲ့အန္တရယ်မှ လွတ်ကင်းအောင် ပရိယယ်ကြွယ်ကြွယ်ဖြင့် တားဆီးနိုင်ခဲ့ပါတယ်။ အမရပုရ မြို့ပတ်ဝန်ကျင် ကိုတစ်နှစ်လျှင် နှစ်လကျော် ရေလွှမ်းမိုး လျက်ရှိရာ လူများစီးပွားရေး အတွက်ကုန်ပစ္စည်းများ ၀ယ်ယူ ဖြတ်သန်းသွားနိုင်ရန်အတွက်အမျှော်အမြင်ကြီးစွာဖြင့် ဆောက်လုပ်ခဲ့ခြင်းဖြစ်သည်။

( တက္ကသိုလ် နေ၀င်းဘာသာပြန် အင်းဝရောက် ဗြိတိသျှသံ )

မြို့စာရေးဦးပိန်သစ်သားတံတား တစ်ခုဆောက်လုပ်ရခြင်းရဲ့ရည်ရွယ်ချက် နဲ့ပတ်သက်ပြီး မြန်မာ့စွယ်စုံကျမ်း အတွဲ( ၁၄) အမရပုရမြို့အကြောင်း မှာ-

ပုဂံမင်း လက်ထက်က မြိုစာရေး မောင်ပိန်သည် ထိုအင်းကိုဖြတ်၍ သစ်တားတံတားကြီးတစ်ခု ဆောက်လုပ်လှုဒါန်းခဲ့ရာ ယခုတိုင်ရှိသေးသည်။ တောင်သမာန် အင်းတစ်ဖတ်တွင် ပုဂံမင်း တည်းထားခဲ့သော ကျောက်တော်ကြီးဘုရားရှိသည်။ …လို့ဖေါ်ပြထားတော့ အစ္စလာမ် ဘာ သာ ၀င် တစ်ဦး ဖြစ်တဲ့မြို့စာရေး မင်းမောင်ပိန် ဟာစေတနာအလျောက် တံတား ဆောက် လုပ်လှူဒါန်းရာမှာ တံတားတစ်ဖတ်ချက်မှာရှိတဲ့ရွာများက မြန်မာ ဗုဒ္ဓဘာသာ ၀င်တွေ လွယ် လင့် တကူ အန္တရယ်ကင်းရှင်စွာနဲ့ ဘုရားဖူး သွားနိုင်ပါစေ ဖို့ဆိုတဲ့ စေတနာကိုလည်း ဘယ် သူမှ မငြင်းနိုင်ပါဘူး ။ မြန်မာစွယ်စုံကျမ်း လိုခိုင်မာတဲ့ ကျမ်းကြီးက ဆောက်လုပ်လှူဒါန်း ခဲ့သည် ဟု ဖေါ် ပြထားပါသည်။

မြို့စာရေးမင်း ဦးပိန် ဆောက်လုပ်ခဲ့သည်မှာ ဦးပိန်တံတာား တစ်ခုတည်းသာမက ဦပိန်သည် စကျင်ဝချောင်း ကိုဖြတ်လျက် တောင်ကြီးတံတား ဟင်္သာတံတား ၊ ပန်ဘဲတဲ့တား၊ ဗုံအိုးတံတား ၊ စကျင်ဝတံတား ၊ ကုက္ကိုင်တံတား များကိုလည်း ဆောက်လုပ်ခဲ့ပါသည်။ တံတားများဆောက်လုပ်၇န် လိုအပ်သော ပန်းဘဲသမားများနှင့် လက်သမားများ နေထိုင်ရန် ပန်းဘဲရွာ နှင့် လက်သမားရွာ ကိုလည်း တည်ပေးခဲ့ပါသည်။

နောက်စွပ်စွဲချက်တစ်ခုရှိသေးတယ် .။ အမရပူရ မြို့သစ်တည်တဲ့အခါ အင်းဝနဲ့ စစ်ကိုင်းဘက် က နန်းတော် ဟောင်းတွေ အိမ်တော်ဟောင်းတွေ ၊ ကြမ်းအဟောင်းတွေ ကို ဖျက်ပြီး တောင်သမန် တံတားကြီးမှာ အသုံးပြုတာပေါ့ ဆိုတဲ့ စွပ်စွဲ ချက် ။ ထိုစွပ်စွဲချက် ပါးစပ်စကား သည် လုံးဝယုတ္တိမရှိပေ။ နန်းတော်များ၊ ဘုန်းကြီးကျောင်းများ၊ မင်းစိုးရာဇာ များ၏ အိမ်များတွင် မည်သူမျှ ဖိနပ်မစီးတက်ရပါ။ တံတားဆောက်၇ာတွင် သုံးသည် ဟုဆိုလျှင် မြန်မာ့အယူအဆအရ နာမ်နှိမ်ရာကျ ဘုရင် လာခွင့်ပြုမည် မဟုတ်ပါ.။ နန်းတော်တိုင်သည် လူကြီး တစ်ပိုက်ကျော်ကျော် ရှိပါသည်။ ဦးပိန်တံတားမှာ လူကြီးတစ်ပိုက်လုံးပတ်မရှိပါ။ နန်းတော်ကို မမြင်ဖူး သော မန္တလေးသား မဟုတ်သည့် သမိုင်းဆရာတစ်ချို့ ရဲ့စွပ်စွဲချက်သာဖြစ်တန်ရာ၏ လို့ မောင်မောင်ခင် (BSc. Dip Ed )က ၁၉၉၅ ခု၊ ဖေဖေါ်ဝါရီလထုတ် မိုးသောက်ကြယ်မဂ္ဂဇင်းမှာ ရေးသားထားပါတယ် ။

ဦးပိန်သည် တံတားများဆောက်လုပ်၇န် အတွက်ကျွန်းသစ် ခုတ်ခွင့်ရရှိလေသည်။ မြစ်ရေကြီးသောအခါ ကျွန်းသစ်များဖောင်ဖွဲ့ပြီး သယ်ဆောင်ခဲ့လေသည်။ အဟောင်းများ မပါပဲ သစ်သားဖြင့် ဆောက်ခဲ့သည်။ အမရပုရ ရောက် အင်္ဂလိပ်သံမှူး ဟာင်နရီ ယူးက ဦးပိန်တံတား ကြီးပုံတူကို ရေးဆွဲဖေါ်ပြခဲ့ပေသည်။ တံတားကြီးသည် အသစ်စက်စက် ဖြစ်ပြီး ကျွန်းဝရန်တာ နှစ်ဘက်တွင် ပန်းပု၊ ပန်းနွယ်ဖြင့် ပြုလုပ်ထားသည်ဟု အတိအကျဖေါ်ပြထားသည်။ …လို့ (တက္ကသိုလ် နေ၀င်း ဘာသာပြန် – အင်းဝရောက်ဗြိတိသျှ )စာအုပ်မှာ ရေးသားထားပါတယ် ။ ဒါကြောင့် စွပ်စွဲချက် ဟာလည်း အခြေအမြစ်မရှိပါဘူး။

နောက်စွပ်စွဲချက်တစ်ခုက မြို့ဝန်ဘိုင်ဆပ် က သူရဲ့ရဲစွမ်းသတ္တိကြောင့်မြို့ဝန်ဖြစ်လာတာမဟုတ်ပါဘူး ။ သူကကြက်တိုက် ငှက်တိုက် နွားတိုက်၊ ဆိတ်တိုက ဆိုတဲ့ အတက်တွေ ကို ဘုရင်က သဘောကျလို့ မြို့ဝန် ဖြစ်လာရတော့ နာယဂုဏ်ခြောက်ပါး နဲ့ ဘယ်ညီနိုင်မှာလဲ …လို့စွပ်စွဲ ပါသေးတယ်…

အဲဒီလိုစွပ်စွဲတာက ကျွန်တော်တို့ မြန်မာဘုရင်တွေကို ဆင်ခြင်တုံတရား နည်းပါးသူအဖြစ် ရေးရာ ပြောဆိုရာ ကျပါတယ် ။ ဘုရားကျောင်းကန် များနဲ့ စည်းကားအောင် လမ်းတံတားများနဲ့ တင့်တယ်အောင် ဆောင်ရွက်နိုင်မဲ့ မြိုတော်စည်ပင်အောင် တာဝန်ယူနိုင်တဲ့ မြို့တော်ဝန်တစ်ဦးကို တာဝန်ပေးရွေးချယ်ရာမှာလဲ ပေါ့ပေါ့တန်တန်ရွေးမှာမဟုတ်ပါဘူး ။ မြိုတော်ဝန် တာဝန်ကလည်း ကြီးမားတဲ့ အတွက် တော်ရုံတန်ရုံ အရည်အချင်းနဲ့ စြဖ်နိုင်မှာမဟုတ်ပါဘုး ။ ဘုရင်ကို နှိမ့်ချဟန် အရေးအသားတွေဟာ မြန်မာအရေးကို ကိုနှိမ်ချင်ကြတဲ့ အနောက်နိုင်ငံသားတွေ ရဲ့လေသံမျိုးဖြစ်နေပါတယ် ။ မြို့စား ၊ ရွာစား၊ မြို့ဝန်ဖြစ်တဲ့ အဆင့်တွေဟာ သာမန်မဟုတ်ပါ့ဘုး .။

သူတို့မှာအဆင့်ပေါင်းများစွာ ကိုကျော်ဖြတ်ပြီးမှ အဲီးနေရာကိုရောက် ရတာပါ။ မြန်မာနန်းတွင်း အမှုထမ်းတွေမှာ အရည်အချင်းသတ်မှတ်ချက်တွေရှိပါတယ် ။ သေဖေါ်ရှင်ဖတ် ငါးယောက်တစ်စု ကို တစ်အိုးစားလို့ခေါ်ပါတယ်။ နှစ်အိုးစားကို အကြပ်တစ် ယောက်ထား ပါတယ် ။ အကြပ်ငါးယောက် ပါတဲ့အိုးစားအစုကို သွေးသောက်တစ်ယောက် ထားပါတယ် ။ သွေးသောက်နှစ်ယောက် ကိုတပ်မှုး တစ်ယောက်ထား ပါတယ် အဲဒီတပ်မှူးငါးယောက် ကိုအုပ်ချုပ်ရတဲ့အစုကို ဗိုလ် တစ်ယောက် ထားတယ်။

အဲဒီထဲက ခြေဆယ်ပွဲရမှ ဆင်အစုကို ၀င်ရတယ်။ ဆင်တယ်ပွဲရမှ သွေးသောက်အစုကို ရောက်တယ် ။ အဲဒီအဆင့်တွေကို ဖြတ်ကျော်ပြီးမှ မြို့စား၊ ရွာစား၊ မြို့ဝန် မှူးမတ်တွေ ဖြစ်ကြရတာပါ။ အဲဒါတွေကိုသိရက်သားနဲ့ မြို့ဝန်ရာထူးကို လွယ်လွယ် ခန့်လိုက်တယ် ပြောတာဟာ ဘုရင်ကို အရည်အချင်းမဲ့ သူအဖြစ် စွပ်စွဲလိုက်တာ သာဖြစ်ပါတယ်။ဒါကြောင့် သမိုင်းဆရာ ဒေါက်တာ ကျော်သက်က သူရေးတဲ့ မြန်မာနိုင်ငံ သမိုင်း စာအုပ်စာမျက်နှာ ( ၃၇၄ ) မှ ပုဂံမင်း ( ၁၈၄၆- ၁၈၅၂) နဲ့ပတ်သက်ပြီး ထီးနန်း ကိုသာယာဝတီမင်း ၏ သားတော်ကြီးပုဂံမင်းက ဆက်ခံလေသည်။ ပုဂံမင်း လက်ထက်နှင့် ပတ်သက်၍ ကုန်းဘောင် ရာဇ၀င် တွင်ပုဂံမင်းကို ရှေးအစဉ်အလာ မင်းများကဲ့သို့မင်းဖြစ် သည်ဟု ဖေါ်ပြထားသည်။

ပုဂံမင်းသည် စတုတွင် ဆည်မြောင်း၊ ကန်ချောင်းများ ကို ဖေါက်လုပ်သည်။ ထိုဒေသများတွင် စေတီပုထိုး တည်ထားသည့် သာသနာဘောင် သို့ ဆွေမျိုးများအား သွတ်သွင်းချီမြင့် ၍ သာသနာဒါယကာ အဖြစ်ခံယူခဲ့ပါသည်။ ညောင်ရွှေစော်ဘွား ၏သမီးတော် နှင့် လက်ဆက်သည်။ သူပုန်ထခြင်း ကို ငြိမ်သက်ပိပြားအောင် ပြုလုပ်သည်။ တရုတ်နိုင်ငံမှ သံတမန်အဖွဲ့ကို တန်း တူနိုင်ငံမှ စေလွှတ်သော သံအဖွဲ့သို့ လက်ခံပြုစု သည်ဟု ပါ၇ှိလေသည်။ လိုပုဂံမင်း ကောင်းကြောင်းေ၇းသားထားချက်များကိုတွေ့ရှိနေပါတယ်။ နိုင်ငံခြားသား များက ပုဂံမင်း၏ အကြောင်းကိုပြောဆိုကြသည်မှာ တစ်မျိုးတစ်ဖုံ ကွဲလေသည်။ ၄င်းတို့အဆိုအရ ထင်ရှားသည့် အချက်ကား ပုဂံမင်းသည် တန်ခိုးအာဏာ ကို အလွဲသုံးစား ပြုသည် ဟုလည်းကောင်း၊ တိုင်းကျိုးပြည်ကျိုး ကိုဆောင်ရွက်ခြင်း မပြုဟု လည်ကောင်း ဆိုကြသော အချက်ဖြစ်လေသည်။ တိုင်းရေးပြည် ရာကို မင်းက လစ်လျူရှူ ထားသည့်အတွက် တန်ခိုးအာဏာ ကိုအလွဲသုံးစား ၍ ဟောရမ်းမှုများ ပေါ်ပေါက်ခဲ့သည်။

နောက်စွပ်စွဲမှု တစ်ခုလည်း ရှိပါသေးတယ် ။ အဲဒါကတော့ ဘိုင်ဆပ်မြို့ဝန်ဖြစ်တာနဲ့ အမရပူရ ကအမျိုးသားကောင်း အမျိုးသမီးကောင်းတွေ မှာ အသက်သေတဲ့ သူနဲ့ ဘ၀ပျက်တဲ့သူနဲ့ ဆွေတော်မျိုးတော်တွေမှာ တောင်အ၇ှက်ကွဲခဲ့ရတယ် ဆိုတဲ့စွပ်စွဲချက်ပါပဲ။

ဒါနဲ့ပတ်သက်ပြီး အခုလို သမိုင်းအမှန်ကို ပြန်တင်ပြချင်ပါတယ်

မြန်မာရာဇ၀င်တွင် အာဏာ အတွက်အဖေကိုသားသတ် ၊ သားကိုအဖေသတ် ၊ အစ်ကိုကို ညီသတ် ၊ ညီကို အစ်ကိုသတ်၊ စသော ရှုပ်ထွေးလှသော နန်းတွင် ရေးရာ မှာမင်းညီမင်းသား သို့မဟုတ် ဘုရင် တစ်ပါး ပါးရဲ့ သစ္စာတော်ခံအဖြစ် တာဝန်ထမ်းဆောင် ရတာ လွယ်ကူတာ တော့မဟုတ်ပါဘုး။ အဲဒီအခြေအနေ တွင်ဦးဘိုင်ဆပ် တို့ အမှုတော် ထမ်းခဲ့ရတဲ့ ဖြစ်က ကြိုးတန်းပေါ်လမ်းလျှောက်ရ သကဲ့သို့ အန္တရယ်များလှပါတယ် ။ ဒီနေရာမှာ မြို့တော် ၀န်ဘိုင် ဆပ် နှင့်မြို့စာရေး ဦးပိန်တို့အကြောင်း ကို ၁၉၉၅ခုနှစ် ဖေဖေါ်ဝါရီလထုတ် မိုးသောက်ကြယ် မဂ္ဂဇင်းပါ သမိုင်း သုတေသီ ဆရာဦးမောင်မောင်ခင် BSc (Dip Ed) ရဲရာဇ၀င် အဆောင်ဆောင်မှ မွှေနှောက် စုစည်းထားသော ရွှေမြို့တော်ဝန် ဘိုင်ဆပ်နှင့် မြို့စာရေး ဦးပိန် စွပ်စွဲချေပချက် မှ ထုတ်နှတ်ပြီး အနည်းငယ် တင်ပြချင်ပါတယ်။

မြို့တော်ဦးဘိုင်ဆပ် ၊ဦးပိန် နှင့်ပုဂံမင်းတို့သည်။ ငယ်စဉ်က တောင်သမန်အင်း အနောက်ထိပ်ရှိ ဘုန်းတော်ကြီး ကျောင်းတွင် စာအတု သင်အံခဲ့ကြသည်။ ဘိုင်ဆပ်သည် ပုဂံမင်းသား ၏ယုံကြည်ချက် သဒ္ဒါ ရင်းနှီးစွာ ဆက်ဆံရသော လူပျိုတော် တစ်ဦးဖြစ်ပြီး မင်းသားအလိုကျ တာဝန်များ ဆောင်ရွက်ခံစား တေနရလေသည်။ သာယာဝတီမင်း သည် မိမိ၏ သားကြီး ပြည်မင်းသား အားဒဂုံမြို့မှအပြန်အ ထင်မှားပြီး သာယာဝတီ မင်း၏ မိဖုရား မမြကလေး၊ ပြည်မင်းသား နှင့်မြေးတော် ကလေးများသည် မင်းမိန်ဖြင့် အကွပ်မျက်ခံရလေသည်။ ပြည်မင်းသား အသတ်ခံရပြီးနောက် သာယာဝတီ မင်းနတ် ရွာစံလေသည်။ ပုဂံမင်းက ခမည်းတော်အရိုကအရာ ကို ဆက်ခံခဲ့လေသည်။ ပုဂံမင်းသည် မိမိနန်းတက် သောအခါ ဦးဘိုင်ဆပ်၏ အရည်အသွေကို ငယ်စဉ် ကတည်းက ပင်သိရှိပြီးဖြစ် ၍ မြို့တော်ဝန်ခန့်ပြီး ဦးပိန်ကို စာရေးခန့်ခဲ့ပေသည်။ ဦးဘိုင်ဆပ်သည် နန်းမြိုတော် အတွင်းနှင့်မြို့ပြင် နျစ်ရပ်စလုံးကို အုပ်ချုပ်ရသော ရွှေမြို့တော်ဝန်ပင်ဖြစ်သည်။

မြို့တော်ဝန် ဦးဘိုင်ဆပ် သည်အမရပူရ မြို့တော်တွင် ဘုန်းတော်ကြီး ကျောင်းများအနက် ရှားရှားပါးပါး အုတ်တိုက်ကျောင်း ကြီးတစ်ကျောင်း ဆောက်လုပ်လှူဒါန်းခဲ့သည်။ မြို့တော်ဝန် ဦးဘိုင်ဆပ် သည်အခွန် အတုပ်ကောက် ရာတွင် တိုင်းသူပြည်သား နျင့်မင်းမှုထမ်းများ အပေါ်ခြားနားခြင်းမပြုပဲ မင်းမိန်အတိုင်း စည်းကြပ်ကောက်ခံခဲ့သည်။ ထို့ကြောင့် အခွန်မဆောင်လိုသော မင်းမှုထမ်းများ၏ မျက်မုန်းကျိုးခြင်းခံ ရလေသည်။ နေပြည်တော် ၌ ပြည်မင်းသားသစ္စာခံ ဘက်တော်သားများက လည်းရှိနေပါသည်။ ပုဂံမင်း ၏ သစ္စာခံ ဘက်တော် သားအပေါ် မလိုမုန်းထား မှုများလည်းရှိကြပေမည်။

ဤသည်မှာ ဓမ္မတာပင်ဖြစ်သည်။ အပြစ်ဆိုဖွယ်ရာမရှိပေ။ ဦးဘိုင်ဆပ်သည် လည်းကျမ်း တော်ရွက် သစ္စာ တော်ခံတစ်ဦး ဖြစ်သည်နှင့်အညီ စေသည့်ကျွန် ၊ထယ်သည့်နွား ကွဲသို့ အမှုတော်ကို ကျေပွန်စွာ ထမ်းရွက်ရပေသည်။ ပုဂံမင်း ၏ အတိုက်ခံများအားလုံး မှာလည်း အမှုတော်ကို ကျေပွန်စွာ ထမ်းရွက်ရပေသည်။ ပုဂံမင်း ၏ အတိုက်အခံအားလူံးမှာလည်း ရွှေမြိုတော်ဝန် ဦးဘိုင်ဆပ်နှင့် မြို့စာရေး ဦးပိန် တို့ကို မလိုမုန်း တီးကြပေမည်။ ၄င်းတို့ကဲ့သို့ သစ္စာရှိ မင်းမှုထမ်း လူယုံများရှိနေ၍ ပုဂံမင်းကို လုပ်ကြံရန်မလွယ်ကူပေ။ ဘိုင်ဆပ်နှင့် တောင်သမန်တံတား ဒါယကာဦးပိန်တို့ကို အပြစ်ရှာမှာသာလျှင် ပုဂံမင်း၏ ထီးနန်း ကိုလွယ်လင့်တကူ ရရှိပေမည်။ ကနောင်းမင်းသား ၏နောက်လိုက် အဖွဲ့များသည် လည်းပုဂံမင်းနှင့် နိုင်ငံရေးအရ ဆန့်ကျင်သူများ ဖြစ်ကြပေသည်။

ဤအခြေအနေတွင် ဦးဘိုင်ဆပ် တို့ကို ဒုက္ခပေးလိုသော နောက်ထပ် အုပ်စုတစ်ခုကလည်းရှိနေသည်။ ယင်းသည် အခြားမဟုတ်၊ ပုဂံမင်း မိဖုရား၏ မောင်တော်ဦးကျောက်လုံး တို့အုပ်စု ဖြစ်သည်။ ၄င်းဦးကျောက်လုံးက ဦးဘိုင်ဆပ် ကိုမြို့ဝန် ရာထူးမှဖြတ် ချ ၍ မိမိမြို့ဝန်ဖြစ်လိုသည်.။

တစ်နေ့ ဦးဘိုင်ဆပ်သမီး ကို ဦးကျောက်လုံးက ခိုးယူပေါင်းသင်းသည်။ ဦးဘိုင်ဆပ်က သမီးခိုးမှု ကို မင်းကြီးအား တိုင်တန်း ရန်နန်းတော်သို့ ၀င်ခဲ့သည်။ မိဖုရား ကြီးက မိမိ ၏ မောင်တော် ဦးကျောက်လုံး မယား လိုလားမှုကို ပုဂံမင်းအား ကြိုတင် လျှောက်ထားခဲ့လေသည်။ ဦးဘိုင်ဆပ် ပုဂံမင်း ရှေ့တော်သို့ ရောက်၇ှိလာသောအခါ ဘုရင်က အရိပ်အကဲကြည်ပြီး …ယောက်ဖတော် မောင်ကျောက်လုံး ၏ ယောက္ခကြီးနောက်ကျလှချည်လား …ကျီဆည် တော်မူ ခဲ့လေသည်။ ဦးဘိုင်ဆပ် နှင့်မောင်ကျောက်လုံး တို့လည်း သမီးကိစ္စနှင်ပတ်သက်ပြီး တစ်ဦးနှစ်တစ်ဦး ကျားနှင့်ဆင်ကဲ့သို့ ရန်စောင်နေခဲ့ကြသည်။

ထိုအတောအတွင်း မင်းမှု ထမ်းနာခံတော်ဦရွှေရ သမီး မနစ်ကို ရွှေနားဋောင်း အမှုနှင့် ချုပ်ထားခဲ့ရမှနာခံတော် ဦးရွှေရ တောင်းပန်မှုကို ထောက်ထားပြီး မနစ်အား လက်မဖောက်တန်း အချုပ်ထောင်မှ လွှတ်ပေးခဲ့လေသည်။ ဒုတိယအကြိမ် မနစ်ကို ဥိကျောက်လုံး ၏ အစ်မတော်မိဖုရားကြီးက သောက်တော်ရွှေ ဖလား တစ်လုံး ပျောက်ဆုံးမှုဖြင့် ဖမ်းဆီးခဲ့သည်။ မနစ်က ကိုယ်လုပ် တော်တစ်ပါး ခိုးယူထားကြောင်းချေပခဲ့သည်။ မိဖုရားကြီးလည်း ဦးဘိုင်ဆပ်အား ကိုယ်လုပ်တော်မိဖုရား ငယ်တစ်ပါး ခိုးဝှက်ထား သည်ဟူ ၍ပင် ထင်မြင်ချက်ပေးပြီး စုံစမ်းခိုင်လေသည်။

တစ်နေ့ ပုဂံမင်းတ ရားကြီး ရုပ်စုံသဘင် ကြည့်ရှုတော် မူနေရာ မှရုတ်တရက် ကိုယ်လုပ်တော် မိဖုရားငယ် ထံကြွမြန်း တော်မူခဲ့ လေသည်။ ဦးဘိုင်ဆပ် သည်ရွှေဖလား ပျောက်ဆုံးမှု ကိုစုံစမ်းရန် ကိုယ်လုပ်တော် မိဖုရား ငယ်ထံ ၀င်ရောက်ခဲ့ လေသည်။ စစ်ဆေး မေးမြန်ပြီးအပြန် ဦးဘိုင်ဆပ်သည် ပုဂံမင်းတရားကြီးနှင့် ဆုံဆည်းခဲ့သည်။ ပုဂံမင်းတရား ကြီးရုပ်စုံ သဘင် ကြည့် တော်မူနေရာ မှရုတ်တရက် မိဖုရား ကြွရောက်မူခြင်းသည် မလိုမုန်းထားသူများ၏ ဆင်ကွက်ပင် မဟုတ်ပါလော။ မိဖုရားငယ်ကလည်း မိမိအပေါ် ယုံမှားသံသယ ရှိနေမှုကို ရှက်တော်မူပြီး လွတ်အောင်တိုင်ကြားပေမည်။ နောက်ဆုံးကုန်ဘောင်ဆက် မဟာရာဇ၀င်ကြီး တတိယအတွဲ စာမျက်နှာ ၈၆- ၈၈ အရ ဦးဘိုင်ဆပ် ၊ ဦးပိန်နှင့်တကွ ငရွှေဘော်၊ ငမှုန် ၊ငရှင်ကလေး ၊ ငကျားကြီး၊ ငကြံ တို့ကွပ်မျက် ခြင်းခံရပေသည်။ တစ်နေ့သောအခါ ပုဂံမင်း ကိုယ်တိုင် သူအချစ်ဆုံး ဦးဘိုင်ဆပ်ကို မသတ်ချင်ဘဲ သတ်ခဲ့ရကြောင်း အင်းဝရောက် သံ တွင် ဖေါ်ပြထားပါသည်။

ဒါတွေကတော့ ဦးဘိုင်ဆပ်၊ ဦးပိန်တို့ ကို မလိုမုန်းတီစွာ မကြာခဏ အရေးယူခံ ရခြင်းရဲ့ အဓိက အချက် များသာဖြစ်ပါတယ်

မင်းလိုလိုက် မင်းကြိုက် ဆောင်ရာတွင် အခွင့်အရေး ယူကောင်းယူခဲ့နိုင်ပါသည်။ သို့သော် အာဏာသိမ်းရန်ကြံစည် သည်ဟူသော အရေးအသား မှာသမိုင်းတွင်ရှာမတွေ့ခဲ့ရပါ။ ဦးဘိုင်ဆပ် ကွပ်မျက်ခံရပြီးနောက် ဘုရင့်ယောက်ဖဦးကျောက်လုံး ရွှေမြို့တော်ဝန်ဖြစ်လာခြင်း ဖြင့် ဦးဘိုငဆပ်အပေါ် အထင်အမြင် လွဲမှားစေသော အရေးအသားများမှ မည်သူဘက်ကနေ လာခဲ့သည်ကို သိရှိလောက်ပြီဟု ယူဆပါသည်။ ပုဂံမင်းသစ္စာခံ ဘကတော်သား ဆူးငြောက်ခုတ် အားလုံးကို တောရှင်း ထားပြီဖြစ်သောကြောင့် ပုဂံမင်းအား လွယ်လင့်တကူ နန်းချ နိုင်ခဲ့လေသည်။

မှားယွင်းတဲ့အကိုးကား တွေ ထင်ရာစွပ်စွဲ လွဲမှားတဲ့ကောက်ချက် တွေကို တစ်ဖတ်သတ် ရေးကြတာ တွေဟာမကြာမဏ တွေ့ရပါတယ်။

၁၉၉၈ ခုနှစ် ၊သြဂုတ် လထုတ် ရနံသစ်မဂ္ဂဇင်းမှာ မောင်ဝမ်းဆန်း (သံဖြူဇရပ်) က မြို့ဝန်ဘိုင်ဆပ်၊တောင် သမာန်အင်းဖြတ် ဦးပိန်တံတား အကြောင်းတစ်လွဲတွေ ရေးလို့ စာရေးသူက အိတ်ဖွင့်ပေးစာလေးတစ်ခုရေးပေးဖုးတယ်။ အခုတစ်ခါ ၁၆.၉.၂၀၀၉ ထုတ် News Watch Weekly စောင့်ကြည့်သတင်း ဂျာနယ်မှာ ယဉ်ကျေးမှု အမွေခံ တောင်သမာန် တံတာကြီး ဂုဏ်ဒြပ် ဆိုတဲ့ ခေါင်းစဉ်နဲ့ တစ်လွဲရေးသား လာပြန်ပါတယ် ။သမိုင်းတစ်ခေတ်မှာ သူဘက်ကိုယ်ဘက် ပြသနာတွေ အကြားမှာ ကိုယ့်အုပ်စု မဟုတ်ရင် စွပ်စွဲ ပုတ်ခတ်ရေး တက်ကြတဲ့ အစဉ်အလာ အရရေး သားထားတဲ့ သို့မဟုတ် စွပ်စွဲပြောဆိုတက်တဲ့ အတင်းစကားတွေကို အလေးထားေ၇းသားလာကြတော့ မလိုလားအပ်တဲ့ အထင်အမြင်လွဲမှားမှုတွေ ဖြစ်လာနိုင်ပါတယ် ။

ဒါကြောင့် ဘယ်စာရေး ဆရာပဲဖြစ်ဖြစ် တိုင်းရင်းသား နိုင်ငံသားမြန်မာ မွတ်စလင် အကြောင်း ရေးတော့မယ်ဆိုရင် ၁၉၅၉ ခုနှစ်ထုတ် ရာဇ၀င် ပါမောက္ခ ရွှေပြည်ဆရာဦးဘတင်တည်းဖြတ်ပြီး ရာဇ၀င်သုတေသီဆရာကြီး ရွှေဘိုဦးဘဦး ရေးတဲ့ေ၇ွှမန်းအနှစ်တရာပြည့် ဗမာမွတ်စလင်တို့ ၏ အထ္တုပတ္တိ စာအုပ်အပါအ၀င် ဆရာချယ် တို့ပသီဦးကိုကိုလေး တို့လို သမိုင်း သုတေသီ တွှေရဲ့စာအုပ် တွေကိုလည်း လေ့လာပြီးမှ ရေးသားသင့်ကြပါတယ် ။ ဒါမှလည်း ကျွန်တော် တို့ရဲ့ မြန်မာယဉ်ကျေးမှု အမွေကို အားလုံး ၀ိုင်းဝန်း ထိန်းသိမ်း နိုင်ကြမှာ ပါ ဖြစ်ကြောင်း တင်ပြရင်း