http://itguidemyanmar.blogspot.com/2013/05/smart-links_2.html?m=1
Tuesday, December 30, 2014
Sunday, November 16, 2014
increase internet speed
1. Check for on-system interference
Sometimes your antivirus or other programs can interfere with your internet speeds with affects the bandwidth also. This is really frustrating but you can figure out by simply switching things off one at a time like disabling firewall or anything and then running a speed test again. Please note I won’t be responsible for any viruses or spyware you pick up while doing this. You should always have good virus protection before you do any experiments with your computer . :D
2. Scan for viruses
The next thing you need to do is make sure that no virus itself is causing you to slow down your Internet Speed. Sometimes viruses can live on your computer and suck resources away from what you are doing thus slowing down your speeds of your system.
3. Test a different modem/router
The biggest cause of slowed down internet is a bad and old modem. For ages I was using a BSNL modem that I thought was absolutely fantastic. I was having frequent internet drop outs and blaming them on my ISP. Finally I changed to a new NETGEAR N150 modem and speeds went up and the drop outs stopped. The problem? The old Billion modem wasn’t equipped for ADSL2+. Rookie mistake. Make sure your modem is suited to the internet plan that you are on which will also be economic .
4. Check your filters
If you have your internet connected to a phone line that also has a telephone on it then you will need to make sure you have good quality filters installed on your line. These are little plugs that you attach to the phone line and they help filter out the disturbances. Here is a photo of one of mine.
Now, these also need to be different for the different types of internet. If you have ADSL2+ or cable make sure you have the appropriate filter.
5. Try getting rid of your cordless phone
Most of the people disagree with this point but I have found that cordless phones slow down or interfere with my internet even with filters. People generally don't agree with me in this point . It is worth doing an isolation test by removing your phones and replacing them with different ones (borrow a friend’s or any other relative) and see whether you get better results.
6. Plug in
Wi-Fi is nice but wireless internet is often a bit slower than if you plug in to your modem. Try getting that chord out of the box and plugging straight into the modem, especially if it is your desktop computer and you don’t need to move it around very often.
7. Check for external interference
I bet most of you have an iPhone, iPad, sound system and at least one other form of electronic device in your modem area. Am I right? Well, if so, then you need to check to see whether these things are causing electromagnetic interference or any other interference. Try moving speakers out of the way and getting other electronic devices out of your modem space.
8. Check for Foxtel or other types of TV
Old Foxtel boxes can cause interference for your internet, even if you aren’t using them. If your net speed is slower than it should be and you can’t figure out why, it might be an idea to go for a walk around your house and see if you have a Foxtel (cable TV) box that you didn’t know was there. It could be from a past owner. If so, call up and make sure it is disconnected totally.
9. Shorten and replace cables
The length of your cables and their structure can affect speeds. Try replacing old phone cables, sockets and lines and instead use shorter and newer ones. This can often make a big difference.
10. Have you tried turning it off and on again?
The last suggestion is often the most powerful one. Turn off your modem for one minute and turn it on again. It is called power cycling and can often flush out a bunch of problems that affect your speed. If you are really brave you can even reconfigure your modem with a new password as this can often refresh your settings at the end of your ISP and refresh connections.
Wifi Crack
http://ftp.sunet.se/pub/security/tools/net/Openwall/wordlists/
ftp://ftp.ox.ac.uk/pub/wordlists/
http://gdataonline.com/downloads/GDict/
ftp://ftp.openwall.com/pub/wordlists/
http://www.indianz.ch/tools/doc/wordlist.zip
http://www.outpost9.com/files/WordLists.html
ftp://ftp.openwall.com/pub/wordlists/passwords/
https://www.securinfos.info/wordlists_dictionnaires.php
ftp://ftp.ox.ac.uk/pub/wordlists/
http://www.lostpassword.com/f/wl/bigdict.zip
http://www.lostpassword.com/f/wl/French.zip
http://www.lostpassword.com/f/wl/Spanish.zip
http://www.lostpassword.com/f/wl/German.zip
http://www.vulnerabilityassessment.co.uk/passwords.htm
http://packetstormsecurity.org/Crackers/wordlists/
Wednesday, November 12, 2014
``U Thant´´ ကူယူထားချင်းသာ
မြန်မာကို ကမ္ဘာက သိအောင်လုပ်ခဲ့ကြသူများ အများအပြားရှိပါသည်။ ထိုထဲတွင်မှ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဟောင်း ဦးသန့် အကြောင်းကို ဖေါ်ပြခြင်ပါသည်။*
၁၉၀၉ခုနှစ် ဇန်န၀ါရီလ ၂၂ရက်နေ့က အောက်မြန်မာပြည် ပန်းတနော်မြို့ကလေးတွင် အဖ ဦးဘိုးနှစ်၊ အမိ ဒေါ်နန်းသောင် တို့က မွေးဖွားခဲ့ပါတယ်။ သား ၄ဦးအနက် အကြီးဆုံး သားဖြစ်သည်။ ဦးသန့်ဟာ ငယ်စဉ်ကတည်းက စာပေကို လိုက်စားတဲ့ ပုဂ္ဂိုလ်တဦးပါ။ စကားနည်းပြီး၊ ဖြောင့်မတ်တည်ကြည်တဲ့ ဦးသန့်ဟာ ပညာရေးမှာ ထူးချွန်ပြီး အသက် ၂၅နှစ်အရွယ်မှာပဲ ပန်းတနော် ကျောင်းအုပ်တာဝန်ကို ယူခဲ့ပါတယ်။ ၁၉၄၈ခုနှစ်မှာတော့ အသံလွှတ်ဌာန ညွှန်ကြားရေးမှူး အဖြစ် ခန့်အပ်ခံရပြီး ၁၉၅၃ ခုနှစ်မှာ မြန်မာနိုင်ငံ သတင်းနဲ့ ပြန်ကြားရေးဌာန အတွင်းဝန် ဖြစ်လာခဲ့ပါတယ်။ ၁၉၅၅ခုနှစ်မှာ မြန်မာနိုင်ငံ စီးပွားရေးနဲ့ လူမှုရေးဌာန အကြီးအကဲ ဖြစ်လာပြီး၊ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ သံအမတ်အနေနဲ့ ၁၉၅၇ခုနှစ်ကနေ ၁၉၆၁ခုနှစ်အထိ တာဝန်ယူခဲ့သူပါ။ တချိန်တည်းမှာပဲ ယာယီ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်တာဝန်ကိုပါ ပူးတွဲထမ်းဆောင်ခဲ့ရပါတယ်။ ၁၉၆၁ခုနှစ်ကနေ ၁၉၇၁ခုနှစ်အထိ ၁၀နှစ်တိတိ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် တာဝန်ယူခဲ့သူဖြစ်ပြီး သူ့ကို ကမ္ဘာ့ ငြိမ်းချမ်းရေးအတွက် စွမ်းစွမ်းတမံ ထမ်းဆောင်ခဲ့သူလို့ ကမ္ဘာကနေ အသိအမှတ် ပြုခဲ့ကြပါတယ်။ ဦးသန့်ဟာ ၁၉၇၄ခုနှစ် နိုဝင်ဘာလ ၂၅ရက် အသက် ၆၅နှစ်မှာ ကွယ်လွန်ခဲ့ပြီး သူ့ဆန္ဒအရ သူ့ရုပ်ကလာပ်ကို မြန်မာနိုင်ငံကို ပြန်ပြီး ပို့ပေးခဲ့ရပါတယ်။
နယူးယောက် ဟက်ဆင် မြစ်ထဲမှာ ဦးသန့်အတွက် ဂုဏ်ပြုထားသော ကျွန်းရှိပါသည်။ ၁၉၆၉ အပိုလို ၁၁ ဖြင့် ပထမဦးဆုံး လ သို့သွားသော ဂြိုဟ်တုတွင် ဦးသန့်ကို ဂုဏ်ပြုသောအားဖြင့် မြန်မာနိုင်ငံ၏ အလံကို ယူဆောင်သွားခဲ့သည်။ ထိုသို့ သူ့ကို ကမ္ဘာက ဘာလို့ ဂုဏ်ပြုခဲ့တာလည်း ? ကုလသမဂ္ဂအတွင်းရေးမှူချုပ် တစ်ယောက်မို့လား၊ ထင်စရာရှိပါသည်။ လုံးဝ မဟုတ်ပါ ကုလသမဂ္ဂ အတွင်းရေးမှူ ချုပ်ရာထူးသည် ဦးသန့်  အရင်ကကော၊ ဦးသန့်ပြီးနောက်မှာကော လုပ်ကိုင်ခဲ့တဲ့ လူများရှိပါသည် ထိုလူများထဲမှ ဦးသန့်ကို ဘာလို့ ဂုဏ်ပြုခဲ့ပါသလည်း ။
ဦးသန့် ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဖြစ်ခဲ့လို့ နိုင်ငံတကာက လေးစားခဲ့တာ မဟုတ်ပါဘူး ... လူတစ်ယောက် ရာထူးရတာမထူးဆန်းပါဘူး ... ကြိုးစားရင် ရနိုင်ပါတယ်... ဒါပေမယ့် အဲဒီရာထူးမှာ သူ့ရဲ့ အစွမ်းကို ပြနိုင်မှသာလျှင် လူတိုင်း ၏လေးစားခြင်းကိုခံရတဲ့ သူဖြစ်နိုင်မှာပါ .... ဦးသန့် လက်ထက်သည် စစ်အေးကာလ ဖြစ်သည့်အလျှောက် နိုင်ငံတကာ ပဋိပက္ခများအဖြစ် ကျူးဘား ဒုံးလက်နက်အရေး အခင်း (၁၉၆၂)၊ ကွန်ဂိုအရေးအခင်း (၁၉၆၃)၊ ဆိုက်ပရပ်စ် ပြည်တွင်းစစ် (၁၉၆၄)၊ အိန္ဒိယ-ပါကစ္စတန် ကက်ရှ်မီးယားအရေးအခင်း (၁၉၆၅)၊ အာရပ်-အစ္စရေး ၆ ရက်စစ်ပွဲ (၁၉၆၇)၊ ဗီယက်နမ်စစ်ပွဲများ ကို အောင်အောင်မြင်မြင် ဖြေရှင်းပေးနိုင်ခဲ့တဲ့ အတွက် ကမ္ဘာက လေးစားခဲ့ခြင်းဖြစ်ပါသည်။ ကျူးဘာအရေးအခင်းသည် တတိယကမ္ဘာစစ်ဖြစ်နိုင်သည် အထိ ပဋိပက္ခဖြစ်ခဲ့သည်။ သို့သော်ဦးသန့်၏ ဆောင်ရွက်မှုကြောင့် တတိယ ကမ္ဘာစစ် မဖြစ်ခဲ့ရခြင်း ဖြစ်သည်။
နိဂုံးချုပ်ဆိုရသော ဦးသန့်ကို ကမ္ဘာက လေးစားခဲ့သည်မှာ ဦးသန့်၏ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ရာထူးကြောင့် မဟုတ်ပါ ဦးသန့်၏ လေးစားဖွယ်၊ အတုယူဖွယ် ကောင်းသော လုပ်ရပ်များ၊ လုပ်ဆောင်ချက်များကြောင့် ကမ္ဘာက လေးစားခဲ့ခြင်း ဖြစ်သည်။ ဦးသန့်၏ လေးစားဖွယ်၊ အတုယူဖွယ် ကောင်းသောလုပ်ရပ်များ၊ လုပ်ဆောင် ချက်များကြောင့်လည်း မြန်မာကို ကမ္ဘာက သိခဲ့ကြသည်။***
*RE: သမိုင်းကြောင်း
အမေရိကန်ပြည်ထောင်စု ကမ္ဘာကျော် စတန်းဖို့ဒ် တက္ကသိုလ်တွင် ဦးသန့်အားဂုဏ်ြပုသည့် ဓါတ်ပုံပြပွဲ ပြုလုပ်ကျင်းပ
ကမ္ဘာ့ငြိမ်းချမ်းရေး ဗိသုကာ
ကမ္ဘာကုလသမဂ္ဂ အထွေထွေအတွင်းရေးမှုးချုပ် ဦးသန့်
ပြီးခဲ့တဲ့ တစ်ပတ်လောက်က ကမ္ဘာ့ငြိမ်းချမ်းရေး ဗိသုကာ အပိုင်းတစ် နဲ့ နှစ် ကို ရေးခဲ့ပါတယ်။
တိုက်တိုက်ဆိုင်ဆိုင်ဘဲ ပြီးခဲ့တဲ့ ၂၀၀၉ ခုနစ်၊ အောက်တိုဘာ ၂၇ ရက်နေ့က ကုလသမဂ္ဂသီတင်းဌာနက ကမ္ဘာ့ကုလ သမဂ္ဂ အထွေထွေအတွင်းမှုးချုပ်ဟောင်း ဦးသန့်ကို ဂုဏ်ပြုသည့်အနေဖြင့် အမေရိကန်ပြည်ထောင်စု ၊ကမ္ဘာကျော် စတန်းဖို့ တက္ကသိုလ်တွင် ဓါတ်ပုံပြပွဲတစ်ရပ် ကျင်းပခဲ့ကြောင့် သီတင်းထုတ်ပြန်ခဲ့ပါတယ်။
ဒီသီတင်းကို ဖတ်ရတဲ့အခါမှာ မြန်မာနိုင်ငံသားတစ်ဦးအနေနဲ့ များစွာကျေနပ်အားရခဲ့သလို့ ၊ ဦးသန့်ကို မမေ့လို့ ဂုဏ်ပြုခဲ့တယ်ဆိုတဲ့ ကုလသမဂ္ဂနဲ့ အမေရိကန် တက္ကသိုလ် ကိုလည်း သတိတရ ရှိပေးခဲ့တဲ့အတွက် များစွာ ၀မ်းသာမိပါတယ်။
အဆိုပါ ဓါတ်ပုံပြပွဲ ဖွင့်လှစ်တဲ့အခန်းအနားမှာ ကုလသမဂ္ဂပြန်ကြားရေးနဲ့ပြည်သူဆက်သွယ်ရေးဌာန မှ တ၀န်ရှိသူ မစ္စတာ ကီရိုအာဆာကာက
'' ဦးသန့် သည် ယုံကြည်ချက် ခိုင်မာသူတစ်ဦးဖြစ်ပြီး ပုဂ္ဂိုလ်ရေးအရသော်လည်းကောင်း၊ ကုလ အကြီးအကဲ တစ်ဦး အဖြစ်သော်လည်းကောင်း၊ ဂုဏ်ပြုထိုက်သူတစ်ဦး ဖြစ်သောကြောင့် ယခုကဲ့သို့ ဓါတ်ပုံပြပွဲ ကျင်းပရခြင်းဖြစ် ''ကြောင်း ပြောကြားသွားခဲ့သည်။
ဆက်လက်၍ ၄င်းကပင်
'' ဦးသန့်သည် အမြော်အမြင်ကြီးမားပြတ်သားသူတစ်ဦးဖြစ်ပီး ကုလသမဂ္ဂအဖွဲ့ကြီးကို ကမ္ဘာ့နေရာ အသီးသီးမှ ပြည်သူများ၏ မျော်လင့်ချက်များနှင့် လိုအပ်ချက်များကို ဖြည့်ဆည်းပေးသော အဖွဲ့ကြီး တစ်ခု အဖြစ် သတ်မှတ်ယုံကြည်စေခဲ့သူ ...ကုလ၏ ရှေ့ဆောင်
အကြီးအကဲ တစ်ဦး ဖြစ် '' ကြောင်း ပြောကြားခဲ့ပါတယ်။
'' ဒီကနေ့ ကမ္ဘာပေါ်မှာ ဆင်းရဲနွမ်းပါးမှုတိုက်ဖြတ်ရေး နဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး လုပ်ငန်းတွေကို လုပ်ဆောင်နေတဲ့ ဖောင်ဒေးရှင်းကြီးတွေ အတော်များများဟာ ဦးသန့်ကိုယ်တိုင် ထူထောင်ပေးခဲ့လို ပေါ်ပေါက်လာခဲ့တာပါ ''ဟု
၎င်းက ပင် ဆက်လက် ပြောကြားသွားခဲ့ပါတယ်။
ထို့ပြင်..
''၁၉၆၁ ခုနစ်မှ ၁၉၇၁ ခုနစ် အထိ ဆယ်နှစ်တာကာလ ကုလ အကြီးအကဲအဖြစ် တာဝန်ထမ်းဆောင်ခဲ့စဉ်ကာလအတွင်း
ဦးသန့်သည် ကမ္ဘာပေါ်တွင်လူသားတို့အားအကျိုးပြုစေခဲ့သော ကြီးမားသော အပြောင်းအလဲ ကြီးများ ဖြစ်ပေါ်အောင် လုပ်ဆောင်နိုင်ခဲ့သည်''ဟု သီတင်းနှင့်ပြန်ကြားရေးဌာနက ပြောဆိုခဲ့ပါတယ်။
တစ်ဖန် ..ကုလ ပြောခွင့်ရ ပုဂိုလ်တစ်ဦးက
'' ဦးသန့်ဟာ အတိုင်းအဆ များပြားလွန်းစိန်ခေါ်မှုကြီးတွေကို ဖြေရှင်းနိုင်ခဲ့ပါတယ်။ကျူးဘား ဒုံးကြည်အရေးအခင်းကိစ္စ၊
ဗီယက်နမ် စစ်ပွဲအဆုံးသတ်ပြီး ငြိမ်းချမ်းရေး ပေါ်ထွန်းရေး ကိစ္စ၊ တော်အာဖရိက လူမျိုးရေး ခွဲခြားမှု ကိစ္စ၊ စတာတွေကို အောင်မြင်စွာ ဖြေရှင်းပေးနိုင်ခဲ့တဲ့ သံတမန်ကြီးတစ်ဦးပါဘဲ..''..လို့ ပြောကြားသွားခဲ့ပါတယ်။
ထိုပြင် ဦးသန့်သည် ကုလကြီးအတွက် အလွန်မှတ်သားလေးစားလိုက်နာဖွယ်စကားကို မြွက်ကြားခဲ့သူ လည်းဖြစ်သည်။
ဦးသန့်က ....မိန့်ဆိုသည်မှာ...
'' လူသားဖြစ်တည်မှူ နှင့် လူတစ်ဦးချင်းစီ၏ တန်ဘိုးဟူသည် မိမိတို့ပိုင်ဆိုင်သော ဥစ္စာများထက် များစွာ သာလွန်ပါသည်။
အစိုးရများ၊ နိုင်ငံရေးစနစ်၊ နှင့်အိုက်ဒီယာများဟူသာ် ဖြစ်ပျက်သဘော မျှသာ ဖြစ်ပြီး လူသားဖြစ်တည်မှူသည်သာလျှင် ကျန်ရှိပါမည်'' ဟု ဆိုခဲ့သည်။
ထိုစာတမ်းသည်.....
ယနေ့ကုလသမဂ္ဂကြီး၏ အသက်ဝိညာဉ်ဖြစ်စေမည့် ၊ ကုလကြီး အသက်ဆက်လက်ရှင်သန်စေမည့် မိန့်ဆိုချက်ပင် ဖြစ်တော့သည်။
Referance;
The Voice weekly Journal
from internet news
ဦးသန့်သည် ကမ္ဘာ့ကုလသမဂ္ဂအတွင်းရေးမှုးချုပ် အဖြစ် ၁၉၆၁ မှ ၁၉၇၁ အထိ ဆယ်နှစ်တာကာလ အတွင်း ကြီးမာှးစွာသော ကမ္ဘာ့အရေးအခင်းကြီးများကို အောင်မြင်စွာ ဖြေရှင်းနိုင်ခဲ့သည်။
ဦးသန့်အောင်မြင်စွာ ဖြေရှင်း နိုင်ခဲ့သော ပြဿနာ ကြီးများမှာ........
တတိယ ကမ္ဘာစစ်~သို့ဦးတည် ခဲ့သော ကျူးဘား ပြဿနာ
တူရကီ နှင့် ဂရိတို့ သွေးချောင်းစီးသည်. ဆိုက်ပရပ် ပြဿနာ
အင်ဒိုနီးရှား နှင့် ဒတ်ခ်ျတို. အသေအကျေတိုက်သည့် အနောက်အီရီယန်အရေးအခင်း
အေ၇ှ့အလယ်ပိုင်း အရေးအခင်း
ဗီယက်နမ်စစ်ပွဲ အဆုံးသတ်ပြီး ငြိမ်းချမ်းရေးပေါ်ထွန်းရေးပြဿနာ
ကမ္ဘာ့လောင်စာ ပြဿနာ
တောင်အာဖရိက လူမျိုးရေးခွဲခြားမှု ကိစ္စ
သဘာဝပတ်ဝန်းကျင်ထိမ်းသိမ်းရေး ကိစ္စ....
ကမ္ဘာပေါ်တွင် ဆင်းရဲနွမ်းပါးမှု တိုက်ဖျက်ရေး ကိစ္စ....
အခြားကိစ္စများ ဖြစ်ကြသည်။
ဦးသန့်၏ ကုလအတွင်းရေးမှုးချုပ်ဘ၀တွင် တာဝန်ကို နိုင်နိုင်နင်းနင်းထမ်းဆောင်နိုင်မှု၊ ကမ္ဘာအရေးအခင်းများကို ပြေလည်အောင် စွမ်းစွမ်းတမန် ဖြေရှင်းပေးနိုင်ခဲ့မှုတိုေ့ကြာင့် သူအားကမ္ဘာတစ်ဝှ်းလုံးရှိတက္ကသိုလ်ကောလိပ်တို့မှ ဒေါက်တာဘွဲ ( ၁၇ ) ဘွဲံကို ပေးအပ်ချီးမြင့်ခဲ့ကြသည်။
ဦးသန့်ရရှိခဲ့သော ဘွဲ့များမှာ အောက်ပါအတိုင်းဖြစ်သည်။
၁၉၄၉ ၀ဏကျော်ထင်ဘွဲ့ မြန်မာနိုင်ငံအစိုးရ
၁၉၅၃ သီရိပျံချီ ဘွဲ့ မြန်မာနိုင်ငံအစိုးရ
၁၉၅၇ စည်သူ ဘွဲ့ မြန်မာနိုင်ငံအစိုးရ
၁၉၆၁ မဟာသရေစည်သူ မြန်မာနိုင်ငံအစိုးရ
၁၉၆၂ ဇွန် ၁၀ ဒေါက်တာဘွဲ့ (LLD) ဂုဏ်ထူးဆောင် အာလီတန်တက္ကသိုလ် ကနေဒါ
၁၉၆၂ ဇွန် ၁၂ ဒေါက်တာဘွဲ့ (LLD) ဂုဏ်ထူးဆောင် ပရင်စတန်တက္ကသိုလ် နယူဂျာစီပြည်နယ်
၁၉၆၃ ဇွန် ၂ ဒေါက်တာဘွဲ့ (LLD) ဂုဏ်ထူးဆောင် တောင်ဟတ်ဒလေမောင့်ဟိုလ်ကောလိပ် မက်ဆာချူးဆက်ပြည်နယ်
၁၉၆၃ ဇွန် ၁၃ ဒေါက်တာဘွဲ့ (LLD) ဂုဏ်ထူးဆောင် ကင်းဘရစ်ဟာဘတ်တက္ကသိုလ် မက်ဆာချူးဆက်ပြည်နယ်
၁၉၆၃ ဇွန် ၁၆ ဒေါက်တာဘွဲ့ (LLD) ဂုဏ်ထူးဆောင် ဟင်နိုဗာဒတ်မောက်ကောလိပ် နယူဟမ်ရှားပြည်နယ်
၁၉၆၄ ဧပြီ ၂ ဒေါက်တာဘွဲ့ (LLD) ဂုဏ်ထူးဆောင် ကာလီဖိုးနီးယားတက္ကသိုလ် ကာလီဖိုးနီးယားပြည်နယ်
၁၉၆၄ ဧပြီ ၃ ဒေါက်တာဘွဲ့ (LLD) ဂုဏ်ထူးဆောင် ဒင်းဗားတက္ကသိုလ် ကိုလိုရာဒိုပြည်နယ်
၁၉၆၄ ဇွန် ၈ ဒေါက်တာဘွဲ့ (LLD) ဂုဏ်ထူးဆောင် ဆွပ်သမိုးကောလိပ် ပင်ဆင်ဗေးနီးယားပြည်နယ်
၁၉၆၄ ဇွန် ၁၀ ဒေါက်တာဘွဲ့ (LLD) ဂုဏ်ထူးဆောင် နယူးယောက်ယူနီဗာစီတီ
၁၉၆၄ ဂျူလိုင်၃၀ ဒေါက်တာဘွဲ့ (LLD) ဂုဏ်ထူးဆောင် မော်စကိုတက္ကသိုလ် ဆိုဗီယက်ယူနီယံ
၁၉၆၅ မေ ၂၅ ဒေါက်တာဘွဲ့ (LLD) ဂုဏ်ထူးဆောင် အွန်တာရီယိုကင်းစတန်းဘုရင်မတက္ကသိုလ်
၁၉၆၅ ဇွန် ၆ ဒေါက်တာဘွဲ့ (LLD) ဂုဏ်ထူးဆောင် ၀ါတာဗီလီကော်ဗိုင်းကောလိပ်
၁၉၆၅ ဇွန် ၁၄ ဒေါက်တာဘွဲ့ (LLD) ဂုဏ်ထူးဆောင် နယူဟေဗင်ရေး တက္ကသိုလ်
၁၉၆၆ မေ ၂၈ ဒေါက်တာဘွဲ့ (LLD) ဂုဏ်ထူးဆောင် အွန်တေရီယိုဝင်တက္ကသိုလ် ကနေဒါ
၁၉၆၆ ဇွန် ၅ ဒေါက်တာဘွဲ့ (LLD) ဂုဏ်ထူးဆောင် ဟင်မလင်တန်ကောလိပ် နယူးယောက်
၁၉၆၆ ဇွန် ၈ ဒေါက်တာဘွဲ့ (LLD) ဂုဏ်ထူးဆောင် ဖော့ဒ်ဟင်းတက္ကသိုလ် နယူးယောက်
၁၉၆၆ ဇွန် ၁၄ ဒေါက်တာဘွဲ့ (LLD) ဂုဏ်ထူးဆောင် မင်ဟတ်တန်ကောလိပ် နယူးယောက်
၁၉၆၂ စက်တင်ဘာ တွင် ချက်ကိုစလိုဘက်ကီးယား နိုင်ငံ ပရက်မြို့တော်၊ ချားလ်စ် တက္ကသိုလ်၏ အနှစ်၆၀၀ ပြည့် အထိမ်းအမှတ်အခမ်းအနားမှ ဦးသန့်ကို ရွှေတံဆိပ်ပေးအပ်ချီးမြင့်ခဲ့သည်။
၁၉၆၆ စက်တင်ဘာ ၂၈ တွင် အိန္ဒိယ နိုင်ငံမှ ပေးအပ်သော ဂျဝ်ဟာလာနေရူး ဆု ကို ရရှိခဲ့သည်။ ရူပီး တစ် သိန်း ရရှိသည်။ ၄င်းရရှိသော ဆုငွေကို ဦးသန့်ပညာတော်သင်ဆု အဖြစ် ကုလသမဂ္ဂကျောင်းသို့ပြန်လည် လှူဒါန်းခဲ့သည်။
ကမ္ဘာ့ငြိမ်းချမ်းရေးကို စွမ်းစွမ်းတမံဆောင်ရွက်သူများအတွက် ချီးမြင့်လေ့ရှိသောအမေရိကန် မှပေးသည့် စတီဗင်ဖောင်ဒေးရှင်းဆု ကိုလည်းရရှိခဲ့သည်။
ဦးသန့်အမှတ်တရများ
အတွင်းရေးမှုးချုပ် အားဂုဏ်ပြုသော အားဖြင့် ဦးသန့်၏ ကိုယ်တစ်ပိုင်းကြေးရုပ်တုကို ၁၉၇၄ အောက်တိုဗာတွင် ကုလသမဂ္ဂစာသင်ကျောင်းတွင် စိုက်ထူဖွင့်လှစ်ခဲ့သည်။
ဦးသန့်အား ၁၉၆၆ တွင် ကုလသမဂ္ဂအထွေထွေ အတွင်းရေးမှူးချုပ်ရာထူးအား လက်ခံရရှိမှုအားဂုဏ်ပြုသောအားဖြင့် အမေရိကန်ပြည်ထောင်စု၊
အမေရိကန်အာကာသယာဉ်မှုး ဂျိမ်းစ်လိုဗယ် နှင့် အက်ဒွင်လ်ဒရင်ဂျူနီယာ တို့သည် ပြည်ထောင်စုမြန်နိုင်ငံတော်အလံအား အာကာသယာဉ်အတွင်းသယ်ဆောင်၍ ကမ္ဘာကို ပတ်ခဲ့ပြီး ထိုအလံကို မြန်မာအမျိုးသာ ကုလသမဂ္ဂအထွေထွေအတွင်းရေးမှုးချုပ် ဦးသန့်လက်ထဲသို့ အာကာသယဥင်္မှုး အယ်ဒရင်က ပေးအပ်ဂုဏ်ပြုခဲ့သည်။
ဘောင်သွပ်ထားသော ထိုအလံတွင် ဤ အလံသည် ဂျီမီနီ အမှတ် ၁၂ အာကာသယာဉ်ဖြင့် ယာဉ်မှူး ဂျိမ်းလိုဗယ်နှင့် အက်ဒွင်အယ်ဒရင်တို့ ၁၉၆၆ ခု နိုဝင်ဘာတွင် အာကာသသို့ပျွသန်းစဉ် သယ်ဆောင်သွားခဲ့သည် ဟု ကမ္ဗည်းစာတမ်း ရေးထိုးပါရှိသည်။
U Thant Island ဦးသန့်ကျွန်း
အမေရိကန် ပြည်ထောင်စု မှ ဦးသန့်အားဂုဏ်ပြုသောအားဖြင့် အမေရိကန်ပြည်ထောင်စု၊ နယူးယောက်စီးတီးမြို့၏ အရှေ့ဘက်မြစ် အတွင်းရှိ Roosevelt Island ကျွန်း၏ တောင်ဘက် ရှိ Belmont Island ဟုခေါ်သော ကျွန်းငယ်လေးအား U Thant Island ဟူ၍ ဂုဏ်ပြု သတ်မှတ်ပေးခဲ့သည်။ ၄င်းကျွန်းငယ်လေးသည် အတိုင်းအတာအားဖြင့် ပေ ၁၀၀x၂၀၀ ကျယ်ဝန်းသည်။
http://i48.tinypic.com/oarq14.jpg
Jalan U Thant
မလေးရှားနိုင်ငံသည် ဦးသန့်အားဂုဏ်ပြုသောအားဖြင့် မလေးရှားနိုင်ငံ ၊ကွာလာလမ်ပူမြို့၊ Embassy road လမ်းအား Jalan U Thant ဟု ဂုဏ်ပြု သတ်မှတ်ခဲ့သည်။
http://i47.tinypic.com/15gzcwz.jpg
မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့ ဂျလန်ယူသန့်လမ်းမှ 7 UThant အဆောက်အအုံ
http://i49.tinypic.com/2j4zdrl.jpg
Taman U Thant
Taman U-Thant is a place in Kuala Lumpur, Malaysia. Located in the eastern part of the city, it was established in the 1960s and was used for foreign embassies and high commissions only. It was named after the former UN General Secretary from 1961 until 1971, U Thant.
http://i49.tinypic.com/x2qsk6.jpg
ဂျပန်နိုင်ငံ ၊ တိုကျိုမြို့၊ ကုလသမဂ္ဂတက္ကသိုလ်(UNU United Nation University) မှ့ U Thant Honorary Leacture Series ကို ပုံမှန်ဂုဏ်ပြု ထုတ်လွှင့်ခဲ့သည်။
ဦးသန့် နှစ်တစ်ရာပြည့် အထိမ်းအမှတ် အဖြစ် ကုလ မှ ဦးသန့်၏ ပုံအား တံဆိပ်ခေါင်းပြု၍ ဂုဏ်ပြုခဲ့သည်။
အမေရိကန် မှ အမှတ်တရတံဆိပ်ခေါင်းကုပ္မဏီက အေဗရာဟန်လင်ကွန်း၊ အိုဗားမား နှင့် ဦးသန့်တို့၏ တံဆိပ်ခေါင်းများကို ဈေးနုန်းတန်းတူသတ်မှတ်သည်။
http://i46.tinypic.com/2eg7j49.jpg
http://i50.tinypic.com/8wxwmr.jpg
what are they? where are they?
U Thant Peace Award
ဦးသန့်ငြိမ်းချမိးရေးဆု
ဤဆုကို ဦးသန့်အားဂုင်္ဏပြုသောအားဖြင့် အမေရိကန်မှSri Chinmoy က တီထွင်ခဲ့သည်။ ၁၉၈၂ ခုနှစ်တွင် စတင်ပေးအပ်ခဲ့သည်။ ကွယ်လွန်သွားပြီဖြစ်သော ကမ္ဘာကုလသမဂ္ဂအထွေထွေ အတွင်းရေးမှုးချုပ် ဦးသန့်၏ မြင့်မားလှသော ဥာဏ်ရည်ဥာဏ်သွေး၊ အရည်အချင်းတို့ကို စံနမူနာထား၍ ကမ္ဘာငြိမ်းချမ်းရေးအတွက် စွမ်းစွမ်းတမံထမ်းဆောင်ခဲ့သော လူသား၊ အသင်းအဖွဲ့များကို ပေးအပ်ချီးမြင့်သော ဆုဖြစ်သည်။
ကမ္ဘာကတောင်လေးစားရလောက်တဲ့ ဦးသန့်ကြီးပါဗျာ။ ခန့်ခန့်ကြီးနဲ့ လုံးဝ smart ပဲဗျ။ သူ့ကို မမေ့နိုင်ပဲ ဂုဏ်ပြုနေကြတာဘယ်သူတွေလည်း ဘယ်လောက်ထိ တောင်အရာရောက်လည်းဆိုတာကိုသူငယ်ချင်းတွေနားလည်မှာပါနော်။
When a man has put a limit on what he will do, he has put a limit on what he can do.
EQ
“ကျွန်တော် အလွယ်တကူ တုန်လှုပ်လေ့ မရှိဘူး၊ စိတ်မလှုပ်ရှားတတ်ဘူး" ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဦးသန့်၏ ခေါင်းဆောင် မှုကို လေ့လာသည့် အခါ ပထမဦးဆုံး ထင်ထင် ရှားရှား တွေ့မြင် ရသည်မှာ သူ၏ EQ Emotional Intelligence Quotient “ ခံစားမှု ဆိုင်ရာ ဉာဏ်ရည် မြင့်မားခြင်း” ပင်ဖြစ်သည်။ လူတစ်ဦး တစ်ယောက် အောင်မြင် ရခြင်း တွင် ဉာဏ်ရည် Intelligence Quotient (IQ) က အဓိကကျသည် ဟု ရှေး နှစ်ပေါင်း များစွာ ကပင် ထင်မြင် ယူဆခဲ့ သော်လည်း ပညာရှင် Dr. Daniel Goleman က Emotional Intelligence အမည်ဖြင့် စာအုပ်ကို ၁၉၉၅ တွင် ရေးသား ထုတ်ဝေ အပြီးတွင် ခံစားမှု ဆိုင်ရာ ဉာဏ်ရည် မြင့်မားမှု က ပိုမို အရေးကြီးကြောင်း သိရှိလာခဲ့ကြသည်။ ဆက်တိုက် လေ့လာဆန်းစစ် သုတေသနပြုမှုများ အရလည်း EQ ၏ အရေးပါမှုသည် ခိုင်မာသည်ထက် ခိုင်မာလာခဲ့သည်။ IQ မြင့်မားသော်လည်း မအောင်မြင်ကြသူများ၊ IQ သာမန်သာရှိပြီး အောင်မြင်သူများသည် မူလက ပဟေဠိသဖွယ် ဖြစ်နေကြသော်လည်း EQ သဘောတရားဖြင့် ဆန်းစစ်ကြည့်သောအခါ IQ မြင့် EQ နိမ့်သူများ မအောင်မြင်၊ IQ အလယ်အလတ် အဆင့်ရှိပြီး EQ မြင့်သူများ အောင်မြင်ကြောင်း ရှာဖွေတွေ့ရှိ ခဲ့ရသည်။ အထူးသဖြင့် ခေါင်းဆောင်မှုတွင် EQ ၏ ကဏ္ဍမှာ အလွန် အရေးပါပြီး သာမန်ခေါင်းဆောင်များနှင့် မဟာခေါင်းဆောင်များအကြား ကွာဟမှုမှာ EQ တွင်ဖြစ်ပြီး ၈၅ ရာခိုင်နှုန်း ရှိသည်။
EQ ကို အဓိပ္ပာယ် ဖွင့်ဆိုချက် တစ်ခုမှာ
The capacity for recognizing our own feelings and those of others, for motivating ourselves, for managing emotions well in ourselves, and in our relationships “
“မိမိနှင့် အခြားသူများ၏ ကိုယ်ပိုင် ခံစားချက်များ အား သဘောပေါက် နားလည်ပြီး မိမိကိုယ်ကို စိတ်တက်ကြွအောင် အားပေးနိုင်ခြင်း၊ မိမိ၏ ခံစားချက်များအား မိမိကိုယ်တွင်းတွင် စီမံခန့်ခွဲခြင်း၊ မိမိ၏ ခံစားချက်များအား အခြားသူများနှင့် ဆက်ဆံရေးတွင် စီမံခန့်ခွဲခြင်း” ဖြစ်သည်။ မိမိနှင့် အခြားသူများ ၏ နှလုံးသားကို ဦနှောက်ဖြင့် နားလည်ကာ အကျိုးရှိရှိ နားလည်အောင် ဆောင်ရွှက်နိုင်ခြင်းသည် EQ ပင်ဖြစ်သည်။ EQ ၏ အဓိက အစိတ်အပိုင်း တစ်ခုမှာ Self-regulation ခေါ်“ မိမိစိတ်ခံစားမှုကို မိမိထိန်းကျောင်းနိုင်ခြင်း” ဖြစ်သည်။ ခံစားချက်၏ စေခိုင်းမှုနောက်သို့ မလိုက်ဘဲ မိမိကသာ ခံစားချက်ကို ကိုင်တွယ်နိုင်ခြင်း 'handling your emotions rather than letting the emotions handle you’ ဖြစ်သည်။
ခေါင်းဆောင်များ၏ အဓိက တာဝန်တစ်ရပ် မှာ ဆုံးဖြတ်ချက် ချခြင်း decision-making ဖြစ်သည်။ သာမန်လူများသည်လည်း နေ့စဉ် ဆုံးဖြတ်ချက် ချနေရသော်လည်း ခေါင်းဆောင်များ ၏ ဆုံးဖြတ်ချက်မှာ သက်ရောက်မှု ပမာဏကြီးမားသည်။ သာမန် လူများသည် မိမိအတွက်သာ ဆုံးဖြတ်နေရသော်လည်း ခေါင်းဆောင်များ ၏ ဆုံးဖြတ်ချက်မှာ မူ လူအများ အပြား၏ ကံကြမ္မာကို ဖန်တီးမည်ဖြစ်သည်။ ကုမ္ပဏီ ဥက္ကဋ္ဌ တစ်ဦး၏ ဆုံးဖြတ်ချက်သည် သူ့ ကုမ္ပဏီ၏ အကောင်းအဆိုး နှင့် ၀န်ထမ်းများ၏ ဘ၀ကို ပြောင်းလဲစေမည်ဖြစ်သလို နိုင်ငံခေါင်းဆောင်၏ ဆုံးဖြတ်ချက် သည် နိုင်ငံသားများ၏ ကံကြမ္မာကို တစ်ဆစ်ချိုးပြောင်းလဲ စေနိုင်သည်။ ထို့ကြောင့် ခေါင်းဆောင်များ၏ ဆုံးဖြတ်ချက် ချရာတွင် ကျွမ်းကျင်ရန် လိုသလို မှန်ကန်ရန်၊ အရည်အသွေး မြှင့်ရန်လိုသည်။စိတ်လိုက်မာန်ပါ ဆုံးဖြတ်ခြင်းသည် ဆုံးဖြတ်ချက်၏ အရည်အသွေးကို ဆိုးရွားစွာ ထိခိုက်စေသည်။ ဒေါသနောက်လိုက်ကာ ဆုံးဖြတ်ခြင်း၊ လောဘနောက်လိုက်ကာ ဆုံးဖြတ်ခြင်း တို့ကြောင့် သာမန်လူ အဆင့်တွင်ပင် အမှားကြီး မှားခဲ့ကြပုံတို့ကို မှုခင်းသတင်း ဂျာနယ်သတင်း ခေါင်းစဉ်များအား ဖတ်ရုံဖြင့် သိနိုင်သည်။ ခေါင်းဆောင်များ စိတ်လိုက်မာန်ပါ ဆုံးဖြတ်ခြင်းကြောင့် အမှားကြီး မှားခဲ့ကြပုံကို ကမ္ဘာ့သမိုင်းတွင် မြင်နိုင်သည်။ စိတ်အေး လက်အေး ဆုံးဖြတ်ပါက အရည်အသွေးမြင့်မြင့် ဆုံးဖြတ်ချက်များ ချတတ်သူများသည် ခံစားချက်နောက်လိုက်ကာ ဆုံးဖြတ်ပါက အမှားများခြင်းကို တွေ့ရသည်။ EQ မြင့်သော ခေါင်းဆောင်၏ ဆုံးဖြတ်ချက် များသည် အရည်အသွေး မြင့်မားမည် ဖြစ်သည်။ ထို့ကြောင့် ခေါင်းဆောင်များ၏ ဆုံးဖြတ်ချက် အရည်အသွေး မြင့်ရေးအတွက် EQ မြင့်ရန် လိုသည်။
EQ ၏ အခြား အစိတ်အပိုင်း တစ်ခုမှာ Self-awareness “ခံစားချက် တစ်ခုပေါ်လာ ချိန်တွင် သိရှိခြင်း” ဖြစ်သည်။ ၀မ်းနည်းစိတ် ပေါ်လာချိန်တွင် ၀မ်းနည်းစိတ် မှန်းသိခြင်း၊ ဒေါသဖြစ်ချိန်တွင် ဒေါသစိတ်မှန်းသိခြင်း၊ ကိုယ်ချင်းစာတတ်ခြင်း Empathy သည်လည်း EQ ၏ အဓိက အစိတ်အပိုင်း ပင်ဖြစ်သည်။ အခြားသူများ၏ ခံစားချက်ကို ခံစားသိနိုင်ခြင်း၊ အခြား သူများ၏ နေရာမှ ၀င်ခံစား နိုင်ခြင်းသည် EQ မြင့်မားသူများ၏ စရိုက် လက္ခဏာ ပင်ဖြစ်သည်။ ဦးသန့်သည် self-regulationself၊ awareness၊ empathy ဟူသော အထက်ပါ အရည်အချင်းများ နှင့် ပြည့်စုံသူ ဖြစ်သည်။ ဦးသန့်သည် အခက်အခဲကြီးများ နှင့် ရင်ဆိုင်နေရချိန်တွင်ပင် စိတ်တည်ငြိမ် အေးချမ်းစွာ ရှိနေကြောင်း နာမည်ကျော်ကြား ခဲ့သည်။ ကျူးဘား ဒုံးပျံအရေးအခင်း၊ အာရပ်-အစ္စရေး ခြောက်ရက်စစ်၊ အိန္ဒိယ-ပါကစ္စတန်စစ်၊ ဒိုမီနီကန် အရေးအခင်း စသည့် အရေးကိစ္စ ကြီးများကို ကိုင်တွယ် ဖြေရှင်းနေချိန်တွင်ပင် စိတ်အေးချမ်းတည်ငြိမ်စွာ ရှိနေသောကြောင့် သူ၏ လျှို့ဝှက်ချက်ကို ကမ္ဘာက စိတ်ဝင်စားလာခဲ့ကာ ဗုဒ္ဓဘာသာက ပေးအပ်သော အလေ့အကျင့်ကြောင့် ဖြစ်ကြောင်း ကောက်ချက်ချခဲ့ကြသည်။
ဦးသန့်သည် နေ့စဉ် နံနက်စောစော တရားအမြဲထိုင်သူ ဖြစ်သည်။ သူ အတွင်းရေးမှူးချုပ် ဘ၀ တစ်လျှောက်လုံးတွင် တစ်ကြိမ်သာ နံနက်ခင်း တရားထိုင်ပျက်ခဲ့ဖူးသည်ဟု ဆိုသည်။ မိမိအကြောင်း မိမိပြောဆိုလေ့မရှိသည့် ရိုးရိုးအေးအေး ဦးသန့်သည် စိတ်ခံစားမှု ကို သူ စီမံခန့်ခွဲနိုင်ပုံ အကြောင်းကိုမူ ဖွင့်ဟ ၀န်ခံခဲ့သည်ကို တွေ့ရသည်။
“သည်းမခံနိုင်ခြင်းကလွဲလို့ အားလုံးကို သည်းခံနိုင်ဖို့ ကျွန်တော် အလေ့အကျင့် လုပ်ထားခဲ့တာပါ။ သည်းခံခြင်း စိတ်ဓာတ်ကို မွေးမြူဖို့ စိတ်ဓာတ်ရေးရာ၊ စာရိတ္တ ရေးရာ အရည်အသွေး တွေကို တန်ဖိုးထားဖို့ ကျွန်တော့် ဘ၀တစ်လျှောက် သွန်သင်ခံခဲ့ရတယ်။ အထူးသဖြင့် နှိမ့်ချမှု၊ ရိုးရိုးကုပ်ကုပ် နေထိုင်မှု၊ ကြင်နာမှုနဲ့ အရေးအကြီးဆုံးကတော့ စိတ်ခံစားမှု မျှခြေကို ထိန်းသိမ်းထားဖို့ အသွန်သင် ခံခဲ့ရတယ်။ တရားထိုင်ခြင်းနဲ့ သမာဓိတို့ရဲ့အကူအညီနဲ့ ခံစားချက်တွေကို ထိန်းချုပ်ဖို့ သွန်သင်ခံခဲ့ရတယ်။ ပုထုဇဉ် လူသားတစ်ယောက်သာ ဖြစ်နေပြီး ရဟန္တာ မဖြစ်သေးတဲ့ အတွက် ကျွန်တော့် ခံစားချက် တွေကို အလုံးစုံ ထိန်းချုပ်နိုင်ခြင်း မရှိသေးပါဘူး။ ဒါပေမဲ့ ကျွန်တော် အလွယ်တကူ မတုန်လှုပ်ဘူး၊ စိတ်မလှုပ်ရှားဘူး။”
ဦးသန့် ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှုးချုပ် ဖြစ်သည့် ၁၉၆၁-၁၉၇၁ ဆယ်နှစ်တာသည် စစ် အေးကာလ အရှိန်အတက်ဆုံး ကာလဖြစ်သည့် အားလျော်စွာ ကမ္ဘာ့ ငြိမ်းချမ်းရေး ဆုံးရှုံးသွားနိုင်သည့် အခါများစွာ ရှိခဲ့သည်။ အတွင်းရေးမှူးချုပ်၏ တာဝန်များမှာလည်း များပြားလှသည်။ ပေးအပ်ထားသည့် အခွင့် အာဏာလေးဖြင့် အရေးကိစ္စကြီးများကို ကြိုးပမ်း နေရသဖြင့် ပထမဦးဆုံး အထွေထွေ အတွင်းရေးမှူးချုပ် Trygve Lie က ‘the most impossible job on the earth’ ဟု ကုလ အထွေထွေ အတွင်းရေးမှူးချုပ် ရာထူးကို ဆိုခဲ့သည်။ ငြိမ်းချမ်းရေး ထိန်းသိမ်းသူ အဖြစ်ဖြင့် ထိပ်ဆုံးမှ ဆောင်ရွက်နေရသည့် ဦးသန့်အဖို့မူ မငြိမ်းချမ်းဟု ဆိုနိုင်သည်။ သို့သော် ဦးသန့်သည် မိမိ၏ စိတ်ငြိမ်းချမ်းမှုကို ထိန်းသိမ်း ထားနိုင်သည်။ သူ့ကိုယ်တွင်း ကိန်းအောင်းနေသည့် အေးချမ်းသည့် ဓာတ်သည်လည်း အပြင်ဘက်သို့ ပင်ထွက်ကာ အရောင်ဟပ် နေပေသည်။ ဦးသန့်၏ ဓာတ်ပုံကို ကြည့်လျှင်ပင် အေးချမ်းမှုကို ခံစားရမည် ဖြစ်ရာ သက်ရှိ ဦးသန့်နှင့် ကိုယ်တိုင်ကိုယ်ကျ တွေ့ဆုံရလျှင် သူ့ထံမှ အကြည်ဓာတ် ကူးစက်ကာ မိမိကိုယ်တိုင် အေးချမ်းသွားမည် ဖြစ်သည်။ အထွေထွေ အတွင်းရေးမှူးချုပ်သည် သံ အမတ်ကြီးများ၊ အစိုးရ အဖွဲ့ခေါင်းဆောင်များနှင့် တွေ့ဆုံ ဆွေးနွေးခြင်းဖြင့် တာဝန်များ ပြီးမြောက်အောင်မြင်အောင် ဆောင်ရွက်ရသူ ဖြစ်ရာ ဦးသန့်၏ စိတ်တည်ငြိမ် အေးချမ်းမှုကြောင့် သူ့အား ဆက်ဆံရသူများက လေးစားကြည်ညို သွားစေသည်။ ထိုနည်းဖြင့် သူ၏ အလုပ်တာဝန်သည် ပြီးမြောက်ရန် လွယ်ကူလာ ပေသည်။ ဦးသန့်သည် သူ၏ မိသားစုအား အလွန်မြတ်နိုးသူ ဖြစ်သော်လည်း ရန်ကုန်တွင် ရှိနေသည့် သူ့သားသေကြောင်း သတင်း ရုတ်တရက် ကြားရချိန်တွင် မတုန်လှုပ်ပုံကို သူ၏ ပြန်ကြားရေး အရာရှိ တာဝန်ယူ ခဲ့သူ Ramsee Nasif က အောက်ပါ အတိုင်း ရေးသားထားသည်။
‘We gave him the news. His first reaction was ‘ I wonder how my wife will take it.’ He was completely composed. His acceptance was part of a disciplined ability to keep his balance,
which came with his Buddhist training.’ (Ramsee Nasif, 21)
“ကျွန်တော်တို့ သူ့ကို သတင်းပေး လိုက်တယ်။ “ကျွန်တော့် မိန်းမတော့ ဘယ်လိုနေမလဲ မသိဘူးဗျာ” ဟု ဦးသန့်က သတင်းကြား ကြားချင်း ပြောသည်။ သူသည် လုံးဝ တည်တည်ငြိမ်ငြိမ် ရှိနေသည်။ ထိုသတင်းကို သူလက်ခံယူပုံ မှာ ကိုယ်စိတ်နှစ်ပါး ကို ထိန်းသိမ်းနိုင်သည့် စွမ်းရည်၏ အစိတ်အပိုင်း ဖြစ်ပြီး သူ့ ဗုဒ္ဓဘာသာဝင် တစ်ဦးအနေနှင့် ရခဲ့သည့် အလေ့အကျင့် ကောင်းမှ လာခြင်းဖြစ်သည်။ ”ခေါင်းဆောင်တစ်ဦး အဖြစ် အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့သည့် ဦးသန့်တွင် အခြား အရည်အသွေးများစွာ ရှိနေသေးကြောင်း သိသာသော်လည်း သူ၏ စိတ်ခံစားမှုဆိုင်ရာ ဥာဏ်ရည် ဥာဏ်သွေး မြင့်မားမှုသည် သူ့အောင်မြင်မှုကို ဖန်တီးခဲ့သည့် အဓိက အရည်အချင်းတစ်ရပ် ဖြစ်ပေသည်။ သူ၏ မြင့်မားသော EQ သည် ကမ္ဘာ့ငြိမ်းချမ်းရေးကို ဦးသန့် ထိန်းသိမ်းရာတွင် အဓိက အခန်း ကဏ္ဍမှ ပါဝင်ခဲ့သည်။
အထက်ပါဆောင်းပါးကို http://www.thevoice.bur.co.in/ မှဖေါ်ပြပါသည်။
စကားချပ်
ဤနေရာတွင် စာရေးသူဧ။် ဆောင်းပါးသုံးသက်ချက်ကိုအနည်းငယ်တင်ပြလိုပေသည်။ EQ ဆိုသည်မှာ ဗုဒ္ဓဟောကြားသော ဗြဟ္မစိုလ်တရားလေးပါး၊သတိပဌာန်တရား (သို့) သီလ၊သမာဓိ၊ပညာ တို့သာဖြစ်တော့ဧ။်။ မိမိကိုယ်ကိုအောင်နိုင်ပါက လောကသုံးပါးကိုအောင်နိုင်ဧ။်။ မိမိအကြောင်း မိမိသိရေး ၊မိမိကိုယ်ကိုအောင်နိုင်ရေးအတွက် ဗုဒ္ဓဟောကြားသတိပဌာန်တရားလေးပါးကား အကောင်းဆုံးနည်းတစ်သွယ်၊ အစွမ်းဆုံးဆေးတစ်ခွက်ဟု ယူဆပါဧ။်။ ဓမ္မဆိုသည်မှာ ဘုန်းကြီးကျောင်းများတွင်သာရှိသည်မဟုတ် လက်တွေ့ဘဝတွင်လဲ အသုံးကျလှသည်ကို အထက်ပါဆောင်းပါးက သက်သေခံနေပေသည်။ သို့ဖြစ်ပါ၍ သတိပဌာန်တရားလေးပါးကိုအားထုတ်ခြင်းသည် မိမိဧ။်EQကို မြင့်တင်နိုင်ဖွယ်နည်းကောင်းတစ်သွယ်ပင်ဖြစ်ဧ။်။ ဘဝတွင် လောကီ၊လောကုတ် နှစ်ဖြာ အောင်မြင်သူများဖြစ်ရန် ဗုဒ္ဓဟောကြားမြတ်တရားတို့ကို လေ့လာကျက်မှတ်လက်တွေ့ကျင့်သုံးခြင်းအားဖြင့်ဘဝနှင့်ဓမ္မတထပ်တည်းကျအောင်ကျင့်သုံးသင့် လှပေတော့ သည်တကား။